Ep-14

228 34 9
                                    

မနက်တိုင်းပုံမှန်လမ်းလျှောက်လေ့ရှိပေမယ့် သူ့လိုပဲလမ်းလျှောက်ထွက်တတ်တဲ့ ဝန်ဘင်းကိုလွတ်လွတ်လပ်လပ် လမ်းလျှောက်ပါစေဆိုတဲ့စိတ်နဲ့ လမ်းထွက်မလျှောက်ဖြစ်တာတောင် အချိန်တော်တော်ကြာနေပြီ။
ဆိုင်ကိုလာခဲ့ဖို့ အွန်းဆော့ကဖုန်းဆက်လာပေမယ့် အလုပ်အကြောင်းပြပြီး မရောက်ဖြစ်ခဲ့။ သူရောက်သွားပြီးမှ အရင်တစ်ခါလို ဝန်ဘင်းမျက်နှာညှိုးသွားမှာလည်းသူမလိုချင်။
ဒါပေမယ့် မတွေ့ရတာကြာလာတော့လည်း တွေ့ချင်ပြန်၏။

ဖုန်းကိုဖွင့်လိုက်ပြီး IGထဲဝင်ကာ updateဖြစ်မဖြစ် ဝင်ကြည့်မိတာ အကြိမ်အရေအတွက်မနည်းတော့။
ဒီတစ်ရက်တည်းလားဆိုတော့ မဟုတ်ဘူး  ကစားကွင်းထဲမှာသူ့ကို ငိုပြီးတောင်းပန်သွားတဲ့နေ့ကတည်းကဖြစ်သည်။

"အရင်လိုပြန်နေမပေးနိုင်လို့ တောင်းပန်ပါတယ်၊ ကျွန်တော့်ကြောင့်hyungအနေမခက်စေရပါဘူး"

တောင်းပန်စကားပြောပြီး ထွက်သွားတဲ့ကောင်လေးကို မတားဆီးမိခဲ့။
အနေမခက်စေရပါဘူးဆိုတဲ့ကောင်လေးက တကယ်လည်း သူ့မျက်စိရှေ့မှာလည်းမပေါ်လာသလို ဆက်သွယ်ရမယ့် အရာတွေအားလုံးကိုလည်း blockသွားခဲ့၏။
private ဖြစ်နေတဲ့ IG accလေးထဲ မကြာခဏဝင်ကြည့်ရင်း ပြန်ပြီးများ followလုပ်လာမလားဆိုတဲ့ မျှော်လင့်ချက်ကဝင်လာပြန်၏။

IGကိုဝင်ကြည့်လိုက် 'ဝန်ဘင်းနီး' လို့မှတ်ထားတဲ့ contantလေးကိုကြည့်လိုက်နဲ့ အလုပ်ရှုပ်နေမိ၏။ ဖုန်းဆက်လို့မရနိုင်ဘူးဆိုတာလည်းသိရဲ့နဲ့ ဖုန်းခေါ်ရနိုးနိုးနဲ့ တွေးလိုက်ပြန်ချထားလိုက်နဲ့ ရှုပ်ယှက်ခတ်နေတော့သည်။ တကယ်လို့ ဖုန်းဆက်လို့ရရင်ရော ဘာပြောမှာလဲ။ ထပ်ပြီး ဝန်ဘင်းကိုငိုအောင်လုပ်မိလို့တော့မဖြစ်ဘူး။ သူ့ကြောင့်ဝန်ဘင်းကိုထပ်မငိုစေချင်တော့ဘူး။

သူ့ရဲ့အပြုအမူတွေကြောင့် ဝန်ဘင်းရဲ့ဖြူစင်တဲ့ စိတ်တွေကိုပြောင်းလဲစေခဲ့တာဆိုတဲ့စိတ်နဲ့ တစ်လျှောက်လုံး သူအားနာနေခဲ့တာ။
ဝန်ဘင်းကသူ့ကြောင့်စိတ်ကစားမိသွားတာဆိုပြီး ဝေးဝေးနေကြည့်မလို့ဆုံးဖြတ်ခဲ့ပေမယ့် ဘာလို့မှန်းမသ်ိ သူမနေနိုင်ခဲ့။

Breeze (Completed)Where stories live. Discover now