Part 5

73 9 2
                                    

ဟာဂိုလ်းဆိုတဲ့ ရွာလေးဟာ ပင်မလွတ်မြောက်ရေးအတိုက်ခံအုပ်စုကြီးစိုးရာနယ်မြေဖြစ်တာမို့ အခုချိန်မှာ တည်ငြိမ်မှု့မရှိဆုံး စစ်တလင်းပြင်ထဲရောက်နဆဲ။ သူတို့ တာဝန်က နယ်စည်းမခြားအဖွဲ့နဲ့အတူ ရွေ့ပြောင်းလာတဲ့ နယ်ခံတွေရဲ့ ကျန်းမားရေးကိစ္စကို အာရုံစိုက်ရန်ဖြစ်သည်။ မီးလောင်ရာ၊ ဗုန်းမှန်ရာ အပြိုအပျက်တွေနဲ့ ပြည့်နေတဲ့ ခနော်ခနဲ့ တိုက်အိမ်လေးတွေဟာ သူတို့အတွက် ယာယီစခန်းဖြစ်သွားရသည်။ နေရာအခက်ခဲဖြစ်တာမို့ လိုင်လာတို့လိုစစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေက အဆောက်အဦးထဲမှာမဟုတ်ဘဲ ပြင်ပမှာ တဲထိုးနေရသည်။ ဘုန်းခနဲ အသံကြောင့် လိုင်လာယူနီဖောင်းချွတ်နေတုန်း အလန့်တကြားဖြစ်ကာ နောက်လှည့်ကြည့်မိတော့ ခရီးဆောင်အိတ်တစ်လုံးကို ကြမ်းပြင်ပေါ်ပစ်ချကာ သူ့တဲထဲ ခပ်တည်တည်ဝင်လာသည့် ဂျိုလင်း။

"ဘာလာလုပ်တာလဲ ဂျိုလင်း မင်းတို့ကို အိမ်ထဲမှာ နေရာချပေးထားတယ်လေ"

"သိတယ် ဟိုမှာကျဥ◌်းကျပ်လို့မနေချင်ဘူး တို့ဒီမှာပဲနေမှာ ဗိုလ်ကြီးမကျေနပ်လဲ မတတ်နိုင်ဘူး"

ပြောပြောဆိုဆိုနဲ့ တဲတွင်းက တစ်ခုတည်းသော လေထိုးမွေ့ယာပေါ် ပစ်လှဲလိုက်သော ဂျိုလင်းဆိုသည့် ကလေးမ။ မဟုတ်သေးပါဘူး ဒီကောင်မလေးက သူ့ရည်းစားကိုလည်းလုသေးတယ် ရောင့်တတ်လို့အခုသူ့ရဲ့ တစ်ခုတည်းသော အိပ်ယာကိုပါလာလုနေတာလား။ လိုင်လာဒေါသတွေကို မျိုချရင်း မွေ့ယာပေါ်မှောက်ခုံလှဲနေတဲ့ ကောင်မလေးရဲ့ ခြေထောက်နှစ်ဖက်ကို ကိုင်ဆွဲလို့ တဲအပြင်ဘက် ပစ်ထုတ်လိုက်သည်။ တစ်ခါတည်းပါလာသည့် ခရီးဆောင်အိတ်ကိုပါ ခြေနဲ့ခတ်ကန်ထုတ်လိုက်ပြီး တဲတံခါးဇစ်ကိုပါ ပိတ်လိုက်ပြီးမှ ရေချိုးကန်ရှိရာသို့ ထွက်ခဲ့လိုက်တော့သည်။

"အံ့ဩပါ့ ငါ့များဒီလိုလာလုပ်လို့ရမလား ဟမ့်"

သို့သော်ငြား ဟာဂိုလ်း၏ ပူလောင်အိုက်စပ်သော သန်းခေါင်ယံတွင်တော့ အခြေအနေတွေဟာ ကပြောင်းကပြန်။

"စီနီယာလို့ ဒီဖက်တိုးပါ တို့က ကိုက်မစားပါဘူး ဖက်ပဲဖက်ထားချင်လို့ဆိုနေ"

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

Jolene(GL)Where stories live. Discover now