Part 4

173 30 6
                                    

ပြခန်းထဲသို့ဝင်လိုက်သည်နှင့် မြင်လိုက်ရသော ပန်းချီကားတစ်ချပ်ကြောင့် ဆော့ဂျင်အရှေ့ဆက်သွားရန် မေ့နေသလို အသက်ရှုဖို့ကိုလည်း မေ့သွားသည်။

အနောက်နားမှ ထယ်ယောင်းက
    "လှတယ်နော်။ကျနော်ဆို အဲ့ဒီပန်းချီကားကို တမေ့တမောကြည့်မိနေတာ.."

သူ၏မှတ်ချက်ကို ပြန်လည်ဖြေကြားခြင်းမရှိဘဲ မမှိတ်မသုန်ကြည့်နေသော ဆော့ဂျင်ကိုထားခဲ့ပြီး ထယ်ယောင်းထွက်သွားလေသည်။

ထို့နောက် ဆော့ဂျင်သည် ပြခန်းကို အချိန်အတန်ကြာတစ်ယောက်တည်း  လှည့်ပတ်ကြည့်ရင်းက ပြသထားသော ပန်းချီကားများအနက် ပန်းချီကားတစ်ချို့မှာ သူ၏စိတ်အာရုံကို ဖမ်းစားနေသည်။
ပန်းချီ၏အနားသတ်တိုင်းကို ဘောင်ခတ်ထားသလို အရောင်တောက်တောက်ဖြင့် ပါးပါးလေးခြယ်ထားသော ပန်းချီကားများ.....

အနားသတ်လိုင်းများကို အရောင်ရင့်ရင့်ခြယ်သထားမှုကြောင့် ထိုပန်းချီကားကိုင်ရှင်သည် စိတ်ထိန်းချုပ်တဲ့နေရာမှာ တစ်ဖတ်ကမ်းခတ်ကျွမ်းကျင်ပေလိမ့်မည်။ဒါမှမဟုတ် အရာအရာကို အကွက်ကျကျစီစဉ်တတ်သူဖြစ်ပေလိမ့်မည်။

နမ်ဂျွန်း၏ပန်းချီကားချပ်တိုင်းကို မလွတ်တမ်းကြည့်လာခဲ့သလို ပန်းချီပညာရပ်ကို အနည်းငယ်လေ့လာခဲ့ဖူးသောကြောင့် ထိုပန်းချီကားများနှင့် ပြခန်းအဝင်ပန်းချီကားကို ရေးဆွဲသူမှာ တစ်ဦးတည်းဖြစ်နိုင်မှန်း ခန့်မှန်းသိရှိလိုက်သည်။

ထို့ကြောင့် ပိုင်ရှင်ရေးဆွဲသူနာမည်ကို canvasပေါ်တွင် ရှာနေမိသည်။

ထိုအချိန်..

    "ဟျောင်း...ဘာတွေများစိတ်ဝင်တစား ကြည့်နေတာလဲ။"

အရှေ့ပြခန်းအဝင် တမေ့တမောကြည့်ခဲ့ရသောပန်းချီကားကို လက်ညှိးထိုးပြရင်း

    "မင်း..ဒီကားပိုင်ရှင်သိလား။"

နမ်ဂျွန်းသည် ထိုစကားကို ကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးသည့်လူလို ပြုံးကာ
    "လာ..မိတ်ဆက်ပေးမယ်။သူလည်းဒီနေ့မှ ပြန်ရောက်တာ..ကျနော်တို့လိုင်းမှာဆို ပါရမီရှင်လို့ပြောလို့ရတယ်။သူဆွဲတဲ့ကားတိုင်းမှာ ညှို့ဓါတ်ရှိတာတော့ လူတိုင်းလက်ခံကြတယ်။"

A Frozen StarWhere stories live. Discover now