နောက်ဆုံးအချိန်တော့နောက်ဆုံးအချိန်ပဲ
ဒါပေမယ့်....._ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
(၃လအကြာ)
အခုနောက်ပိုင်းကိုကို့ရဲ့အခြေအနေကသိပ်မဟန်ချင်တော့ အရမ်းလည်းမောဟိုက်လာကာအပင်ပန်းလည်းမခံနိုင်တော့ပေ
Doctor ziကတော့လာပြောသွားတယ်
ဒီတစ်လအတွင်းပျော်စရာတွေဖန်တီးပြီးပျော်ရွှင်အောင်ထားပေးပါတဲ့အဲ့ဒါကြောင့်ဒီနေ့လူစုံတက်စုံခရီးထွက်ဖို့ပြင်နေကြလေတယ်
"ကိုကိုရေ....သွားကြတော့ ......ကိုကို!!"
ရိပေါ်အိမ်ထဲဝင်လာတော့ကိုကိုကဆိုဖာခုံပေါ်မှာလှဲနေတာကြောင့်ရိပေါ်လန့်သွားလေတယ်
"ကိုကို..!!ကိုကို ဟင့်!!ထပါအုံးကိုကိုရယ်...ဟင့်"
ရိပေါ်ငိုယိုကာတောင်းပန်မိတယ် ကိုကို့ ကိုအတင်းလှုပ်နှိုးရင်းနဲ့ပေါ့ ရိပေါ်တကယ်ကြောက်မိပါတယ်ကိုကိုထားသွားမှာကို
ရိပေါ်ရဲ့လှုပ်နှိုးမှုကြောင့်ကိုကိုကနိုးလာလေတယ်"အင်းး...အသက်လေးဘာလို့ငိုနေတာလည်း"
"ကိုကို...ဟင့်..!!"
ရိပေါ်ကိူကို့ရင်ခွင်ကျယ်ထဲတိုးဝင်မိတယ်
ကိုကိုကလည်းရိပေါ်ကိုပြန်ဖက်ထားလေတယ်"ကျွန်တော်လန့်သွားတာ ကိုကိုထားသွားပြီထင်ပြီးဟင့်"
"ကိုကိုကပင်ပန်းပြီးခနအိပ်ပျော်သွားတာပါအသက်လေးရယ် မငိုနဲ့တော့နော်တိတ်တိတ် "
ရင်ခွင်ထဲကအသက်လေးကငိုလို့လည်းဝသွားရောမျက်ရည်တွေကိုဆွဲသုတ်ကာသူမဟုတ်သလိုပြုံးပြလာသေးတယ်
"သွားရအောင်လေကိုကို...လူကြီးတွေစောင့်နေရောပေါ့"
အသက်လေးကသူ့လက်ကိုဆွဲလာတာကြောင့်ရှောင်ကျန့်လည်းအသက်လေးနောက်ကိုငြိမ်ငြိမ်လေးလိုက်လာလိုက်တယ်
"ဟော. ရောက်လာကြပါပြီ....တက်တက်ကားပေါ်မြန်မြန်တက်"
ဒီခရီးမှာကယိပေါ်တို့ရယ်အမဝမ်လင်းတို့အတွဲရယ်နဲ့ချီချီ၊ဖေးဖေး၊စန်စန်တို့အပြင်မိန်ဇီယိပါ ပါတာကြောင့်အားလုံးပေါင်းလူ၈ယောက်ဖြစ်တယ်
ခရီးသွားကားရှည်နဲ့သွားကြမှာမို့ကားတစ်စီးတည်းနဲ့လုံလောက်လေတယ် ကားမောင်းသူကအကိုပိုင်တန်းပေါ့နော်
YOU ARE READING
Canolaပန်းလေးရဲ့အဓိပ္ပါယ် (Complete)
FanfictionCanolaပန်းလေးရဲ့အဓိပ္ပါယ်ကပျော်ရွှင်ခြင်းတဲ့ ဒီပန်းလေးကိုယူပြီးအသက်တစ်ဘဝလုံးပျော်ရွှင်နိုင်ပါစေနော် ##XiaoZhan