ဒေါက်ဒေါက်ဒေါက်
" အကိုလေး ... "
ဒေါက်ဒေါက်ဒေါက်
" အကိုလေးရှင် "
ဒေါက်ဒေါက်ဒေါက်
" အေးးး...ဝင်ခဲ့"
ဆက်နောင်မှာ ကျောင်းနားထားရသဖြင့်ဒီတစ်ပတ်လုံးဆိုင်ကယ် တစ်စီးနှင့်လျှောက်လိမ့်နေခြင်းဖြစ်သည်။ မနေ့ညက club အသစ်ဖွင့်သဖြင့်သွားလေရာ အိမ်ပြန်နောက်ကျသည်။မနက်ခင်းကလဲမလန်းမဆန်းနိူးလာရ၍နေ့လည်စားစားပီးပြန်အိပ်နေခြင်းပင်။ ခုလဲမထူးမခြင်းတံခါး
ခေါက်နေသောကြောင့်စိတ်ကတိုလာရသည်။
ဝင်ခိုင်းလိုက် ပြီးမှ တစ်ခုခုနဲ့ပစ်ပေါက်ရန်
သူ့ခေါင်းရင်းကိုလက်နှင့်စမ်း၍ရှာဖွေနေလိုက် သေးသည်။ ၁ပတ်လောက်လေး မသောင်းကျန်းလိုက်တာနဲ့ အချိုးမပြေတော့ဘူးတွေ့ကြသေးတာပေါ့ဟုတွေးကာ ဘေးက စားပွဲတင် နာရီအားကောက်ကိုင်ထားလျက် တံခါးဖွင့်သည်နှင့်ပစ် ပေါက်လိုက်ရင်းတစ်ခါတည်းအော်ဟစ်ပစ်လိုက် လေသည်။" ငါအိပ်နေတာကို လာနိုးရဲတဲ့ထိ အတော်လေး သတ္တိတွေရှိနေကြတာလား "
" အမလေးတော့ "
အိမ်အကူကောင်မလေးမှာ သူ့ထံတည့်တည့်ပစ်
ဝင်လာသော စားပွဲတင်နာရီကြောင့်မျက်စိစုံမှိတ် ကာငယ်သံပါအောင်အော်လိုက်ရသည်။ သို့ပေမဲ့ နာကျင်မှုက ရောက်မလာသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ဘေးက လူက လှမ်းဖမ်းထားလိုက်ခြင်းဖြစ်သည်။ ကောင်မလေးမှာ ဘေးကလူအားမော့ကြည့်လိုက်တော့ နှုတ်ခမ်းလေးတွန့်ရုံမျှပြုံးပြလာသည်။" ဟူးးးအမလေးတော်သေးလို့ငါ့နဖူးမကွဲတာ ကယ်တင်ရှင်လေးကြောင့် ချောလိုက်တာ နတ်သားလေးများလား " ဟုတွေးရင်း
" ကျေး... ကျေးဇူးတင်ပါတယ် "
ထစ်ထစ်ငေါ့ငေါ့ပြောလိုက်ရသည်။ နတ်သားလေးကလဲခေါင်းငြိမ့်ကာအသိအမှတ်ပြုသည်။ ပြီးမှသူတို့ကိုစိုက်ကြည့်နေသော မျက်ဝန်းတွေဆီအကြည့်ပို့လိုက်ကာ
" တောင်းပန်ပါတယ် အကိုလေးအိပ်နေမှန်းမသိလို့ပါ ဘကြီးမြင့်က ဒီက အထိန်းတော်အသစ်ကို အကိုလေးအခန်းကိုပို့ဖို့မှာခဲ့လို့ပါ "
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...