Episode-3
"ဘွား..ဘွား...ဟာကွာ...လန့်လိုက်တာ..."
မြေ တယောက် ရည်းစားများကို တစ်ခွန်းမိန့်မွှေထားသမျှလျောက်ပတ်လိမ်ပြီး အိမ်သို့ပြန်လာခိုက် တိတ်ဆတ်နေသောအနေအထားကြောင့်ဘွားအားတခေါ်မိသည်...
"ကိုမိုးထိမြေ နှိုင်းကိုလန့်သွားတာလား..."
"ဟုတ်တယ်လေ ဘာမပြောညာမပြောနဲ့ရှေ့ကတည့်"ကြီးပေါ်လာတာကို..."
"ဟို..ဘွားက ကုမ္မဏီမှာအရေးကြီးကိစ္စပေါ်လာလို့သွားတယ် ဒေါ်"အေးကစျေးသွားတယ် နှိုင်းကိုနေခဲ့ဆိုလို့..."
"ဒါဆို မင်းကအခုဘာလုပ်နေတာလဲ"
"ဘုရားပန်းအိုးလဲမလို့.."
နှိုင်းဖြေလိုက်တော့ငြိမ်ကျသွားသောသူ့ကြောင့် ဘာမှဆက်ပြောမနေတော့ပဲ စားပွဲမှာချထားသောနှင်းဆီပန်းများကိုပန်းအိုးထဲသာစိုက်ထည့်နေတော့သည်။သူ့ကြည့်ရတာလဲ အိမ်မှာ၂ယောက်ထဲရှိတာတောင်ကြောက်ဟန်မပေါ်တာကြောင့် မြေစဥ်းစားရကျပ်သွားရင်း အပေါ်ထပ်သာတက်နေဖို့ဆုံးဖြတ်ပြီး လှည့်ထွက်ခဲ့စဥ်...
"အာ့..."
"မင်းဘာဖြစ်တာလဲ နှိုင်းမရ...ကိုယ့်ကိုပြစမ်း"
"ရပါတယ်...နှင်းဆီပန်းကဆူးစူးသွားလို့..."
"ဘာရတာလဲ ဒီလောက်သွေးတွေထွက်နေတာကို ကျစ်...."
မြေ တခါမှမလှုပ်ရှားဖူးသောစိတ်အစဥ်တွေကလှုပ်ရှားလာရင်း ဘာမှထပ်မတွေးတော့ကာ သွေးထွက်နေသောနှိုင်းလက်ချောင်းအား ပါးစပ်အတွင်းသို့ငုံယူလိုက်မိသည်။နှိုင်း သူ့လုပ်ရက်ကိုအကြောင်သားကြည့်နေမိရင်း လက်ကိုပဲသူ့ပါးစပ်ထဲကပြန်ဆွဲထုတ်မလား စဥ်းစားနေစဥ် ပြန်ထုတ်လိုက်သောသူ့ကြောင့် နှိုင်းနေရချောင်သွားမိသည်..
"မင်းအဆင်ပြေရဲ့လား.."
"ဟုတ်....အဆင်ပြေပါတယ်..ကျေးဇူးပါပဲ.."
"အင်းး...ဒါဆိုကိုယ်အပေါ်တက်ပြီ"
နှိုင်း သူသွားတာကိုငေးကြည့်ရင်းတလှည့် ကိုယ့်လက်ကိုလဲ ကြည့်ရင်းတလှည့်ဖြင့်အမျိုးအမည်မသိသောစိတ်လှုပ်ရှားမှုတို့ကစိုးမိုးလာပြန်သည်။ပြုံးရောင်သမ်းနေသောကိုယ့်နှုတ်ခမ်းကိုပြန်လည်တို့ထိရင်း စိတ်အစဥ်တို့ကမြေ့ဆီသာပုံအောသွားတော့သည်..
![](https://img.wattpad.com/cover/346318416-288-k945285.jpg)
YOU ARE READING
မောင့်......အသည်းဘဝင်🍁
Romanceမင်းကအဲ့ဒါကို မကျေနပ်တာလား၊ငါတို့ကအိမ်ထောင်သည်ဆိုပေမဲ့ တကယ့်လင်မယားတွေလိုမှမဟုတ်တာ၊အေး လက်မှတ်တချက်ထိုးလိုက်တာနဲ့ အဲ့လက်မှတ်တချက်ကငါ့ဘဝရဲ့ပိတ်လမ်းဘယ်တော့မှအဖြစ်မခံဘူး၊ငါချစ်တဲ့သူနဲ့လက်ထပ်ခဲ့ရတာမဟုတ်သလိုဒီနေ့ဒီချိန်ထိမင်းပေါ်ငါရိုးသားခဲ့တာပဲ၊မင်းလဲ တ...