𝖳𝗐𝗈

510 82 4
                                    

"အဲ့တော့ မင်းက ဘာဖြစ်ချင်လဲ ဟမ်"

သူ့အမေးကို ဂျွန် လက်သီးသုံးပြီးဖြေရှင်းလိုက်သည်။ ကလပ်မှာ သူတို့ဘာသာ ထိုင်နေတာကို ချာတိတ်လေးတွေ ဘာညာဆိုပြီး လာရင့်နေတာမို့ ဂျွန်တို့စိတ်မရှည်တော့။

"တောက်စ်!! လူပါးလာဝနေတာ"

ဂျီမင်းနဲ့ ကင်မ်ထယ်က အမောဖြေနေပြီး ဂျွန်လဲ မျက်နှာကို ပိုက်ဆံတွေနဲ့ ကောက်ပေါက်ကာ ထွက်လာခဲ့သည်။

"ဆက်သွားဦးမှာလား"

"အိမ်ပြန်မယ်ကွာ ကဲချင်စိတ်မရှိတော့ဘူး"

တော်ရုံဆို အိမ်စောစောမပြန်ပေမဲ့ ဂျွန်စိတ်ညစ်သွားသည်။ သူငယ်ချင်း နှစ်ယောက်ကိုနှုတ်ဆက်ပြီး အိမ်ကိုသာပြန်လာခဲ့သည်။

"တီး~~~"

ဆိုင်ကယ်သံကြောင့် ခြံထဲက ဆော့ဂျီနီ တုန့်ခနဲ လန့်သွားရသည်။ ဒီနေ့ ကြီးကြီးက သွေးတိုးလို့ဆိုပြီး ဆော့ဂျီနီထိုင်စောင့်နေတာ။ အဆက်မပြတ် အသံတွေထွက်လာတာမို့ ဆော့ဂျီနီ သော့တွဲကိုင်ပြီး မပြေးရုံတစ်မယ်။ စိတ်လှုပ်ရှားလွန်းလို့ လက်တွေပါ တုန်ပြီး ခေါင်းလေးကပါ စောင်းကုန်သည်။

"ကျေးဇူး"

ဂျွန်အဲ့လိုပြောပြီး အပေါ်တက်လာပေမဲ့ နောက်ကခြေသံမကြား။ ခေါင်းလေးငဲ့ကြည့်လိုက်တော့ နောက်က သော့တွဲကြီးကိုက်ပြီး ခေါင်းငုံကြည့်နေသည်။
ဂျွန်သူ့နားသွားလိုက်ရင်း

"ခင်ဗျား မတက်သေးဘူးလား"

"အ.. အကောင်"

"ဟင်"

ဂျွန်အောက်ငုံ့ကြည့်တော့ အဲ့လူခြေထောက်မှာ လိပ်ပြာတစ်ကောင်နားနေသည်။

"ခါလိုက်လေ"

ဂျောင်ကု လေနဲ့မှုတ်လိုက်မှ လိပ်ပြာက ပျံသွားသည်။ အဲ့လူကတော့ ကြောင်တောင်တောင်ရပ်နေတုန်း

"မတက်သေးဘူးလား"

"ခြေ.. ခြေထောက်တွေ လှုပ်လို့မရ.. အမေ့"

တုန်ယင်နေတဲ့ လူကို ပွေ့ချီလိုက်တော့ ခေါင်းလေးဟိုစောင်းဒီစောင်းနဲ့ လက်လေးက ကားလို့။

• 𝖥𝗅𝗈𝗐𝖾𝗋 𝖫𝗈𝗏𝖾𝗋 𝖡𝖾𝖾 •Where stories live. Discover now