ကိုရီးယားနိုင်ငံ၏
Nation's Legendဟုတင်စားခဲ့ရသော
Soloist idol Park Sunghoon ၏
Ocean waves in my life စာအုပ်မှ
ထုတ်ယူဖော်ပြချက်။••••••••••••••••••••••••••••••••••••••
ကျွန်တော့်ဘဝမှာတွေ့ကြုံခဲ့ရတဲ့
အကြောင်းအရာတွေကို ရေးသားခဲ့တဲ့အခါမှာ
အရှေ့မှာဖော်ပြခဲ့တဲ့အခန်းကဏ္ဍတွေကို
တုန့်ဆိုင်းခြင်းမရှိ ရေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်အခုတော့
အရာရာပျောက်ဆုံးသွားသလိုခံစားချက်နဲ့
ငြိမ်သက်နေမိတယ်။
စာလုံးတစ်လုံးထွက်ကျလာဖို့တောင်
သိပ်ကိုခဲယဉ်းခဲ့ပါတယ်။
ကျွန်တော်ဆက်ရေးရမယ့်
အဖြစ်အပျက်တွေကြောင့်
ကျွန်တော့်ဘဝမှာ ပျော်ရွှင်မှုနဲ့နောင်တဆိုတဲ့
ဆန့်ကျင်ဘက်ခံစားချက်နှစ်ခုကို
တစ်ပြိုင်တည်းကြုံတွေ့ခဲ့ရတယ်။
အချစ်ဦးကို ဆုံတွေ့ရခြင်းနဲ့ တစ်ပြိုင်တည်း
လက်လွတ်ဆုံးရှုံးခဲ့ရခြင်း။အခုအချိန်ထိ မေ့မရနိုင်ခဲ့ပါဘူးလို့ပြောရင်
တစ်ယောက်သောသူအပေါ်
ကျွန်တော်ရက်စက်လွန်းရာကျခဲ့လောက်ပါတယ်။
မဟုတ်ဘူး သေချာပေါက်ကို
ရက်စက်လွန်းရာကျခဲ့မှာပါပဲ။တစ်ခြားသူတွေအတွက်
ပတ်ဆောင်းဟွန်းဆိုတဲ့လူတစ်ယောက်က
အဘက်ဘက်ကပြည့်စုံတဲ့သူ
ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။
ဒါပေမယ့် သူ့အတွက်တော့ ကျွန်တော်က
သုံးစားမရတဲ့မာနကိုရှေ့တန်းတင်ပြီး
ချစ်ခြင်းမေတ္တာကိုတန်ဖိုးမထားတတ်ခဲ့တဲ့
ခပ်ညံ့ညံ့လူတစ်ယောက်ပဲဖြစ်ခဲ့ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀တုန်းက
ချယ်ရီတွေတစ်ဆုပ်တစ်ခဲပွင့်နေခဲ့တဲ့
၂၀၀၄ခုနှစ်ရဲ့နွေဦး။
ကျွန်တော်ဟာ
Idolတစ်ယောက်အဖြစ် ပွဲဦးထွက်ခွင့်ရဖို့
အိပ်မက်အကြီးကြီးမက်နေခဲ့တဲ့
၁၉နှစ်အရွယ်ချာတိတ်လေးတစ်ယောက်ဖြစ်ခဲ့တယ်။ကုမ္ပဏီရဲ့မြေအောက်ထပ်မှာရှိတဲ့
ထရိန်နင်အခန်းက ကျွန်တော့်ကမ္ဘာပါပဲ။
ထရိန်နင်အခန်းမှာပဲအိပ် ထရိန်နင်အခန်းမှာပဲစား၊
ကျွန်တော့်အတွက် ပွဲဦးထွက်ခွင့်ကလွဲရင်
ဘာဆိုဘာမှအရေးမကြီးလောက်အောင်
အရမ်းခက်ခဲ့တဲ့အချိန်အပိုင်းအခြားတွေ။