အပိုင်း6

2.3K 40 0
                                    

မေတ္တာနှောင်ကြိုး[s2]

အပိုင်း၆

"လက်ထပ်မယ်"

"အင်း လက်ထပ်မယ်လေ မရဲ့ "

"အိုး  ဖြစ်ပါ့မလား မောင်ရယ် "

"ဘာလို့ မဖြစ်ရမှာလဲ မရဲ့ "

"မ တော့ မဆောင်ချင်သေးဘူး မောင် "

ခေါင်းငုံကာ မျက်လွှာလေးချရင်း ငြင်းလိုက်တော့ကင်းသူမ မှေးဖျားလေးကို လက်နဲ့ ပင့်ယူလိုက်ပြီး မျက်နှာလေးကို ဆွဲမော့လိုက်သည်။မျက်ဝန်းတွေ ထဲမျက်ရည်ကြည်လေးတွေ ရစ်သိုင်းနေတာမြင်တော့ရင်ထဲမကောင်း။

"မ လက်မထပ်ချင်ရင် မောင် အတင်းမလုပ်ပါဘူး ပြန်ရအောင် "

"ဟို စိတ်ဆိုးသွားတာလား ဟင် "

"ဟက် မဆိုးပါဘူးဗျာ  "

ကြိုးပခုံးပေါ် သူ့လက်လေးရောက်လာတော့သူ့ပုခုံးပေါ်ခေါင်းလေး ပြန်မှီမိသည်။
ဒီတစ်သက်တော့ မခွဲတော့ပါဘူး မောင်ရယ်။

.

"ဂိုဏ်းချုပ် "

"မာန် လာလေ "

"ဟို သခင်မလေးအိမ်က လူတစ်ယောက်ကိုကျွန်တော်ဖမ်းလာမိတယ် "

" ဘယ်သူလဲ "

"ကျွန်တော် ပဲ မလှုပ်နဲ့ လူဆိုးကြီး "

"ဟ ဝင်မလာနဲ့လို့ ပြောထားတာကို "

လက်ညှိုးနဲ့ လက်ခလယ်ကို ပူးပြီးသေနတ်လိုလုပ်ကာ
ကင်းရင်ဝကို ချိန်ထားတဲ့ ကောင်စုတ်လေးကို မြင်တာနဲ့ ကြိုးရဲ့သားမှန်းသိပါပြီ။

"မေမေ ဘယ်မှာလဲ  "

"မင်း မေမေက ငါနဲ့ တစ်သက်လုံးနေ​တော့မှာလေ"

"အိုး ဘာလို့ နေရမှာတုန်းဗျ  ဉီးဖေနဲ့ကျွန်တော့် ဆီပြန်လာမှာ သိလား "

နှုတ်ခမ်းဆူ ပြီးရန်တွေ့ပြနေတော့ ကင်းနှုတ်ခမ်းကိုက်မိသည်။
ရယ်ချင်နေပင်မယ့် မရယ်ဖြစ်။

"သူ့ကို ဘာလုပ်လိုက်ရမလဲ ဂိုဏ်းချုပ်"

"ထားခဲ့ မာန် ငါကြည့်ရှင်းလိုက်မယ် "

"ဂိုဏ်းချုပ် လက်လွန်မယ်နော် "

မာန် က သတိပေးသလို ပြောပြီ ထွက်သွားတော့ကင်း အရှေ့မှာ ရပ်နေတဲ့ ကောင်းလေးကို ပြုံးပြလိုက်သည်။

မေတ္တာနှောင်ကြိုး❣️S2(completed)မေတ္တာနှောင်ကြိုး❣️S2(completed)Where stories live. Discover now