0

225 38 3
                                    

"mic check 1.. 2.. mic check 1.. 2
အထက်တန်းပထမနှစ်Class Aက ရစ်ခီရှန်ကြားလား..."

အတန်းရဲ့နောက်ဆုံးတန်းမှာထိုင်နေတဲ့ စာကြမ်းပိုးလေးရစ်ခီရှန်ကသင်္ချာပုဒ်စာကိုအသည်းသန်ဖြစ်ရှင်းနေတုန်း ‌ကျောင်းရဲ့အသံလွှင့်ဌာနမှ သူ့နာမည်ခေါ်သံကြားလိုက်တာကြောင့် ခေါင်းလေးထောင်လာသည်။အတန်းရှေ့မှာစာသင်နေတဲ့ဆရာကလည်းသူ့ကိုကြည့်လာသလို အတန်းဖော်များရဲ့အကြည့်မှာလည်းသူ့ဆီမှာသာ။

"အထက်တန်းပထမနှစ် Class Aကရစ်ခီရှန်
အထက်တန်းတတိယနှစ် Class Aက ဆော့မက်သရူးကချစ်တယ်လို့"

မထင်မှတ်ဘဲကြားလိုက်ရတဲ့စကားကြောင့် ရစ်ခီမျက်နှာမှာဖြန်းခနဲပူသွားပြီး အတန်းဖော်များရဲ့တစ်ဝိုးဝိုးတစ်ဝါးဝါးအသံများကကျယ်လောင်စွာထွက်ပေါ်လာ၏။

"ဒီကောင်တော့...သွားမတားကြဘဲဘာလုပ်နေကြတာလဲ"

သင်္ချာဆရာကအော်ဟစ်ကသူ့ရဲ့လက်ဆွဲတော်တုတ်နဲ့အတူ အခန်းထဲကပြေးထွက်သွားသည်။ရစ်ခီမှာတော့ လက်ရှိအခြေနေကိုနားမလည်နိုင်ဘဲ တစ်ကိုယ်လုံးထုံထိုင်းနေ၏။

အခုသူတစ်ကျောင်းလုံးသိအောင်ဖွင့်ပြောခံလိုက်ရတာလား။
..
..
..
..
..

ZB အထက်တန်းကျောင်းမှာအဆိုတစ်ခုရှိတယ်။
"တစ်နှစ်ပတ်လုံးအေးအေးချမ်းချမ်းနေချင်ရင် ဆော့မက်သရူးနဲ့အကြည့်ချင်းမဆုံမိစေနဲ့"တဲ့။

ဒီစကားကိုရစ်ခီကျောင်းပြောင်းပြောင်းလာချင်းနေမှာတင် အတန်းခေါင်းဆောင်ပတ်ဂွန်းဝုဆီကကြားလိုက်ရခြင်းဖြစ်သည်။

ဆော့မက်သရူး၊ကင်မ်ထယ်ရယ်၊ကင်မ်ဂယူဘင်း
ဒီသုံးယောက်ကိုထိန်းမနိုင်လို့ဆရာတွေတောင်လက်လွှတ်ထားရသည်တဲ့။

ရစ်ခီဆုံးဖြတ်လိုက်သည်။ကျောင်းအသစ်မှာ ဆောင်ရန်ရှောင်ရန်တွေကိုသေချာမှတ်ထားပြီး ဒီသုံးယောက်ကိုရှောင်ဖို့ပါပဲ။အတန်းခေါင်းဆောင်ကဒီလောက်သတိပေးနေပုံထောက်ရင် သေချာပေါက်အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့အုပ်စုပဲနေမှာ။

ဒီလိုမျိုးဖြစ်ရပ်တွေကို ရစ်ခီကြည့်နေကျဒရမ်မာတွေထဲခဏခဏတွေ့ဖူး၏။ကိုယ်‌တိုင်တွေ့မကြုံဖူးပေမယ့် ဇာတ်လမ်းတွေကအပြင်မှာတကယ်ရှိလို့ရိုက်တာပဲဟာ။

ရစ်ခီဒီသုံးယောက်ကိုရှောင်ဖို့သာ စဉ်းစားနေတာ
တစ်ခါမှမမြင်ဖူးချေ။ဘယ်လိုပဲဖြစ်ဖြစ် ဆရာတွေတောင်လက်လွှတ်ထားရတဲ့ထိပြဿနာရှာတတ်တယ်ဆိုမှတော့ လူကောင်ခပ်ထွားထွားပဲဖြစ်လောက်မှာကြိမ်းသေပင်။

ရစ်ခီလေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ
လက်နှစ်ခုကိုစုကာ ကောင်းကင်ကိုကြည့်လိုက်၏။

"တစ်နှစ်ပတ်လုံး ပြဿနာမရှိဘဲအေးအေးချမ်းချမ်းနေရအောင် စောင့်ရှောက်ပေးပါ အရှင်"

until i make you mine Where stories live. Discover now