"ဒေါ်ဒေါ်ရေ.."
"အော် သား ငယ်ပါလား လာလေ.."
"ဟုတ်..ဟို..မာန်မာန်မရှိဘူးလား.."
"ရှိပါ့ကွယ် သူ့အခန်းထဲမှာပေါ့သားရယ် တက်သွားလေ.."
"ဟုတ်ဒေါ်ဒေါ် ကျေးဇူးပါ.."
ဒေါ်ဒေါ်ရဲ့ခွင့်ပြုချက်ရတာနဲ့ ငယ်လည်း မာန်ရဲ့အခန်းဆီသို့ အမြန်ပြေးတက်သွားလိုက်သည်။
"မာန်ရေ..."
"ချီး! လန့်တာ မင်းဘာလာလုပ်တာလဲ..."
"အလည်လာတာပေါ့ ဘာလဲမရဘူးလား.."
"ငါဂိမ်းဆော့နေတာ လာမရှုပ်နဲ့နော်.."
"ဟွန့် မင်းငါ့ကို အဖြေပြန်ပေးရင် မရှုပ်တော့ဘူး.."
"လီးစကားတွေ သွားစမ်းပါ ငါမင်းလို ဟိုလိုလို ဒီလိုလိုကို ကြိုက်စရာလားကွ!"
"ဟင့်အင်းကြိုက်ရမယ် မင်းငယ်ငယ်တုန်းက ငါ့ကို ခနခနနမ်းတာတာဝန်ယူရမယ်.."
"စောက်ဇယားလာမရှုပ်နဲ့ ဟေ့ကောင် လစ်လိုက်တော့ ငါစိတ်ကြည်မနေဘူး.."
"မလစ်ဘူး"
"ဟာ့ ဟျောင့် ဘာလုပ်တာလဲ ပြန်ပေးစမ်း"
ငယ်က မာန်ရဲ့ လက်ထဲက ဖုန်းကိုဆွဲလုလိုက်တာဖြစ်သည်။
"ပေးပါဆို..တောက်စ်!"
မာန်က ဖုန်းကို လုပြီးတော့
ငယ့် ကိုတွန်းလှဲလိုက်သည်။"အာ့.."
"စိတ်ရှုပ်ဖို့ကောင်းလွန်းတယ် ငါက မင်းလိုကောင်ကို မြင်တောင်မမြင်ချင်ဘူး!"
"ရတယ်!"
ငယ်လဲ ထကာ ဆူအောင့်ဝမ်းနည်းစွာဖြင့် သူ့အိမ်ပြေးသွားတော့သည်။
သူတို့က ဒီလိုရန်ဖြစ်နေကျမို့ မာန်လဲ စိတ်ထဲမထားပဲ ဂိမ်းသာ ဆက်ဆော့နေလိုက်သည်။
တစ်ပတ်လောက်အထိ ငယ်က ပေါ်မလာတော့ပေ။ ငယ်ပေါ်မလာတော့ မာန်က သတိရလာသည်။ သူတို့က အိမ်နီးချင်း တွေမို့ ငယ်ငယ်ကတည်းက မတွေ့ရတဲ့ရက်ဆိုတာ ရှားသည်။
မာန်က တော်တော်သတိရလာတာနဲ့ ငယ်တို့ အိမ်ဘက်ကိုချောင်းလိုက်သည်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မမြင်ရပေ။
မကြာ မကြာချောင်းကြည့်ပေမဲ့
ငယ့်ကိုမတွေ့ရပေ။