ဆိုးတူကောင်းဖက်
-----------------------------"ကိုဇေယျာ ရှင် သောက်လာပြန်ပြီလား
ပြောတော့ဆန်ဖိုးတွေသွားသိမ်းမှာဆို အသက်ကြီးမှ ရှင်ဘာဖြစ်ချင်နေတာတုံး""ငါမမူးပါဘူးမိန်းမရာ ဆန်ဖိုးကမနက်မှလာယူပါဆိုလို့ပါကွ ခုကဟိုကောင် ချိုကြီးရဲ့အလှူကို၀င်ရင်း သူတို့အတင်းတိုက်လို့ပါကွာ"
"သူတို့က ရှင့်ပါးစပ်ထဲထိတော့ ထည့်မပေးနိုင်ဘူးလေ
ရှင်သောက်ချင်လို့ကိုသောက်လို့ မူးတာပေါ့
မမူးဘူးသာပြောတယ် လူကဖြင့်ခေါင်းမတည်နိုင်တော့ဘူး တကတဲ ရှင်ဘယ်သူ့ကိုလာညာနေတာလဲ""နွယ် မေကြီး ငါမှားပါတယ်ဟာ
နင်ဆူလဲခံရမှာပဲ ငါကသောက်လာမိတာကို
ခုတော့ငါ့ကို သံပုရာရည်လေးဖျော်တိုက်စမ်းပါဟာ ငါမူးလို့ပါ""ဘာလို့ တိုက်ရမှာတုန်း ရှင်မူးချင်လို့သောက်လာတာပဲ မတိုက်နိုင်ဘူးတော် မူးပါစေ"
ဒေါ်နွယ်နွယ်ဝေသည် ပါးစပ်မှ ဦးဇေယျာနှင့်စကားများရင်းနှင့်ပင် ရေခဲသေတ္တာထဲမှ သံပုရာသီး နှင့် ရေခဲရေဘူးကို ယူလာသည်။
"လုပ်ပါမိန်းမရာ ငါဘယ်တုန်းက မင်းမကြိုက်တာလုပ်ဖူးလို့လဲကွာ ခုက သူတို့အတင်းတိုက်လို့ပါကွ နောက်မင်းမကြိုက်တာမလုပ်တော့ဘူးလေနော် မေကြီးရာ"
ဒေါ်နွယ်နွယ်ဝေသည် သကြားဘူးနှင့်ဓားကိုယူ၍
သူ့ယောကျ်ားဘေးတွင်ထိုင်ကာ သံပုရာရည်ဖျော်ရန်ပြင်ဆင်နေရင်းနှင့်ပင်.."ရှင် အရင်တုန်းက ကျုပ်စကားနားထောင်တယ်လေအရက်မသောက်ရမှာထက်ကျုပ်စိတ်ဆိုးမှာပိုကြောက်တယ်ဆို အခုကျုပ်ကအသက်တွေကြီးပြီဆိုတော့ ရှင်ကကျုပ်စိတ်ဆိုးဆိုး မဆိုးဆိုးဂရုမစိုက်တော့ဘူးပေါ့"
ဒေါ်နွယ်နွယ်ဝေသည်ပြောရင်းနှင့်ပင် သံပုရာရည်ဖျော်ခြင်းကိုလက်စသက်လေသည်။
"မဟုတ်ပါဘူး မေကြီးရာ ငါအရက်မသောက်ပါဘူးဟာ ဘီယာသောက်လာမိတာပါဟ
ငါဘယ်တုန်းကသောက်လို့လည်း ခုတစ်ခါထဲသောက်မိတာပါဟ"ပြောရင်းနှင့်ပင် ဦးဇေယျာသည်၀မ်းပန်းတနည်းငိုကြွေးကာ ဒေါ်နွယ်နွယ်ဝေ ဘေးသို့သွားလေသည်။
YOU ARE READING
ဆိုးတူကောင်းဖက် ဆိုးတူကောင်းဖက်
Short Storyချစ်ခြင်းမေတ္တာကို အသက်အရွယ်ကမတားဆီးနိုင်ကြောင်း... "ဆိုးတူ ကောင်းဖက်ဆိုတာကို " နားလည်လက်ခံမိတဲ့အခိုက်အတန့်တွေကသိပ်ကိုလှပ ပါတယ်။ ||°• °•|| 3 ချစ်ခြင်းမေတ္တာကို အသက်အရွယ်ကမတားဆီးနိုင်ကြောင်း... "ဆိုးတူ ကောင်းဖက်ဆိုတာကို " နားလည်လက်ခံမိတဲ့အခ...