My Heart is For Youpart 2 end.
သူနဲ့Shar noonaကငယ်တည်းကဆော့ဖော်ဆော့ဖက်မောင်နှမတေ။အရွယ်ရောက်လာတော့ချောလာတဲ့သူနဲ့လှလာတဲ့noonaဟာလိုက်ဖက်တဲ့စုံတွဲလိုအပြောခံကြရတယ်။တစ်နေ့မှာnoonaကဖွင့်ပြောလာလို့သူတို့တွဲလိုက်ကြပြီးအိမ်ကိုဖွင့်ပြောကြတယ်။တက္ကသိုလ်စတက်တော့noonaကသူ့ထပ်၅နှစ်ကြီးတော့ကျောင်းပြီးပြီးနိုင်ငံခြားကShar chefဆိုင်ခွဲတေကိုဦးစီးရမှာမို့သွားရတော့မယ်။သူကလည်းnoonaကိုစိတ်မချလို့စေ့စပ်ခဲ့ပေမယ့်အနေဝေးလို့လားမသိ။သူ့ဘက်ကခံစားချက်မရှိတော့။noonaကိုသာအားနာရသည်။
jk:''အာ့......ဟားးးး...ကျွတ်စ်...ကျွတ်စ်ခေါင်းကိုက်လိုက်တာ''
ဟောအတွေးတို့ကိုဖြတ်တောက်ပြီးစိတ်လှုပ်ရှားစေတဲ့သူလေး။ချစ်ပါတယ်ဆိုမှjeonရယ်။ဘာလို့ထွက်ပြေးချင်နေရတာတုန်း။
jk:''ဟင့်.......မောင်''
th မျက်ရည်တို့ဝဲသီကာ အသံတုန်ယင်စွာဖြင့်ခေါ်လာသူကြောင့်ရင်ပူရသည်ခေါင်းအရမ်းကိုက်နေလို့လားjeonရယ်။
th:''ပြော...jeon ခေါင်းအရမ်းကိုက်နေလို့လား...မောင်ဆရာဝန်ခေါ်လိုက်ရမလား''
လက်ကိုလာကိုင်ပြီးပြာပြာသလဲမေးလာသူကြောင့်ခေါင်းယမ်းပြရသေးသည်။သူငိုချင်နေမိတာပါသူမြတ်နိုးရတဲ့မောင်ကနောက်ကြောင်းတေဘာမှမသိသေးဘူးလေ။သူစနိုက်ပါစသင်တုန်းက၁၅နှစ်သားပဲရှိသေးသည်။သူ့ကိုသင်ပေးတဲ့သူကတစ်ခြားတော့မဟုတ်အဆောက်အဦးပိုင်ရှင်ပင်ဖြစ်သည်။တစ်ကောင်ကြွက်သူကဘဝအခြေအနေမကောင်းသောကြောင့်ဦးလေးကြီးကကျွေးမွေးပေးခဲ့ခြင်းဖြစ်သည်။ဦးလေးကြီးကိုလူကောင်းလို့ထင်ခဲ့ပေမယ့်ကြေးစားkiller
တစ်ဦးဖြစ်ခဲ့သူဖြစ်သည်။ဦးလေးကြီးကအမွေစားအမွေခံမရှိသည့်အတွက်သူ့ကိုပညာတေသင်ပေးပြီးသူပိုင်တဲ့Hotelရဲ့ခေါင်မိုးထပ်မှာနေခွင့်ပြုခဲ့သည်။ဦးလေးကြီးကဆာဂျရီလုပ်ခဲ့ပြီးအလုပ်နဲ့ပက်သက်သမျှလက်စဖျောက်နိုင်ခဲ့သည်ဟုဆိုသည်။
ဒါပေမယ့်ဦးလေးကြီးဘသူမှန်းသိပြီးKimကတော်ကိုလက်စမဖျောက်ပေးရင်တရားစွဲဆိုမည်ဖြစ်ကြောင်းချိန်းခြောက်စာလာခဲ့သည်။ဦးလေးကြီးကသူလုပ်ကိုလုပ်ရ
မည့်ဖစ်ကြောင်းပြောပြပြီးမလုပ်ချင်ပဲလုပ်ရသည့်အကြောင်းငိုယိုပြောပြခဲ့သည်။ဦးလေးကြီးမလုပ်ချင်
မှန်းသိ၍အဲ့နေ့ကအဖော်လိုက်ကူပြီးသေနတ်ခလုတ်ဆွဲပြီးကားဘီးဖောက်ခဲ့ရုံ။သို့သော်ကံအကြောင်းမလှချက်ကတော့kimသူဌေးကတော်မောင်းနေသည့်ကားကိုတစ်စုံတစ်ယောာက်ကဘရိတ်ကြိုးဖျက်ထားခဲ့ပုံရသည်။driverကကားကိုဘလိုမှထိန်းမရတော့ပုံပေါ်ကာဘေးက car warning wallကြီးကိုတိုက်၍အကြီးအကျယ်accidentဖြစ်သွားခဲ့သည်။ထို့နောက်သတင်းစာတိုင်းတွင်kimကတော်သေဆုံးကြောင်းသတင်းတေပါလာခဲ့သည်။သူ့အပစ်ဟုယူဆကာသူ့မှာတစ်လလုံးအိပ်မပျော်စားမဝင်ဖြစ်ခဲ့ရသည်။ဦးလေးကြီးကလည်းသေနတ်ကသူ့ပစ္စည်းဖြစ်၍အမှုဖစ်ရင်တောင်သူပဲခံယူမှာပါဆိုပြီးနှစ်သိမ့်ပေးခဲ့သည်။ထိုအချိန်မှစ၍ဦးလေးကြီးကသူ့အားကိုးရာဖြစ်လာပြီးသူကလည်းဦးလေးကြီးရဲ့အားထားရာဖြစ်လာခဲ့သည်။
ဟိုနေ့သူကျန်ရစ်ဖြစ်မယ့်အကြောင်းပြောရင်းမောင်ကKimအိမ်တော်ရဲ့သွေးသားဆိုတာသိလိုက်ရတော့အံ့သြတုန်လှုပ်ခဲ့
ရသည်။ချစ်ရသူသိရင်သေချာပေါက်သူ့ကိုမုန်းလိမ့်မည်။အမုန်းတေကိုခံနိုင်ရည်ရှိသော်လည်းဒီတစ်ခါကမောင့်အမုန်းတေလေ။သူမောင့်ကိုချစ်မိတဲ့အချစ်ကြောင့်ခံနိုင်ရည်မရှိလောက်ဘူး။
YOU ARE READING
Golden Kottom Collect
Short Story🔞Warning🔞 kooရဲ့songလေးတွေကိုone shortလေးတေအဖြစ်ကိုယ့်စိတ်ကူးလေးနဲ့ဖြစ်သလိုလေးရေးထားတာပါနော် only kottomပဲရေးမှာပါပထမဆုံးလေးမို့အားပေးကြပါအုံးရှင့်😍😍 Top-Kim Tae Hyung Bottom-Jeon Jung Kook