နွေရာသီတွေ့ဆုံခြင်း(အပိုင်း ၂)

5 1 0
                                    

နွေရိပ်ဘေးကတခူးဆိုသည့်လူကအတော်စကားများသည်။နွေရိပ်လည်းထိုလူကိုပလစ်လိုက်ပြီးကူရှင်က်ုခေါင်းမှီပြီးခနမှေးနေလိုက်သည်။

''ဟာ...ဟေ့ကောင်လေး!အိပ်ပျော်သွားပြီလား''

တခူးတစ်​ယောက်နွေရိပ်ဆိုသည့်ကောင်လေးကိုကြည့်လိုက်တော့ နားညီးပြီးအိပ်ပျော်သွားသည်ထင်။

တခူးလည်းထိုကောင်လေးဇက်နာနေမည်စိုး၍သူ့ပုခုံးပေါ်က်ုခေါင်းတင်ပေးလိုက်ပြီးသူပါရောအိပ်လိုက်သည်။

''ဝှားး''

နွေရိပ်ဘယ်လောက်တောင်အိပ်ပျော်သွားလည်းမသိထိုလူ၏ပခုံးပေါ်မှာခေါင်းတင်ထားမိသည်လေ။နွေရိပ်နဲနဲတော့အားနာသွား၏။

''ဟိုလူ! ဟိုလူထတော့လေကားဂိတ်ကိုရောက်တော့မှာ''

နွေးရိပ်နိုးလိုက်တော့ ထိုလူကအိပ်ရေးဆက်သည်ထင် ခနနဲ့နိုးလာ၏။

အမှန်တော့ထခူးနိုးနေသည်မှာထိုကောင်လေးမနိုးခင်ကပင်။တလှုပ်လှုပ်နှင့်နိုးလာသည့်ထိုကောင်လေးဘာဆက်လုပ်မလဲသိချင်၍အိပ်ချင်ယောင်ဆောင်နေခြင်းဖြစ်သည်။

''ဟိုလူ နိုးရင်လည်းထတော့ဗျ''

''အင်း''

ခနတာတိတ်ဆိတ်သွားပြီးနောက်တခူးကပဲစကားစပြောလိုက်သည်။

''ကောင်လေး မင်းကျောင်းမှာတတ်မှာလဲ''

''အမ်...အလင်းရောင်မှာတတ်မှာလေ''

''ဆိုတော့..မင်းကဘော်ဒါဆောင်နေရင်းတတ်မှာပေါ့''

''ဟုတ်တယ် ခများရော''

''ကိုယ်လည်းအတူတူပဲလေ အလင်းရောင်မှာတတ်မှာ''

''အော်..''

ကားဂိတ်ကရောက်ပီမို့ နွေရိပ်လည်းထိုလူကိုနှုတ်ဆက်လိုက်ပြီးထွက်လာလိုက်သည်။ကျောင်းကိစ္စကဖေဖေတို့ပြောပြီးသားမို့ အဆောင်မှာတန်းနေရုံပင်။
နွေရိပ်လည်းအချိန်ဆွဲမနေတော့ဘဲ တက်စီငှားပြီးအဆောင်သို့သွားလိုက်သည်။

နွေရာသီတွေ့ဆုံခြင်းWhere stories live. Discover now