သတိရစိတ်

15 3 0
                                    

ခင်ဗျားသိလား...
ဒီနေ့ ကျွန်တော်ရုတ်တရတ် ခင်ဗျားကိုသတိရတယ်။
သတိရစိတ်က နှလုံးသားကို စူးနင့်စေတယ်။
စိတ်ထဲ လေးလံလာပြီး ခင်ဗျားရဲ့စကားသံလေးတွေကို လွမ်းလာတယ်။
ခင်ဗျားရဲ့ acc လေးကပြောတယ် လွန်ခဲ့တဲ့ 5 ရက်တည်းက active မဖြစ်တာတဲ့။
ဒီအချိန် ဘာတွေ လုပ်နေမလဲ။ တစ်ခုခုများဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်က ရင်ဘက်ထဲမှာ လေးလံနေတယ်။
ခင်ဗျားဆီက သတိရတယ်ဆိုတဲ့ စကားသံလေးကြားချင်မိတယ်။
ချစ်သေးရဲ့လားလို့မေးချင်မိတယ်...

( ထားခဲ့ပြီးမှ မျက်နှာပြောင်တိုက်ပြီး သိချင်နေတာလား ဆိုပြီး ခင်ဗျားရဲ့ လှောင်ရယ်သံလေးကိုကြားယောင်နေတယ် )

ချစ်ခဲ့ဖူးသောခင်ဗျားဆီသို့...Where stories live. Discover now