Ep7

78 8 10
                                    

Present time

*ဂျီမင်တစ်ယောက်ကျောင်းသွားဖို့အတွက်ပြင်ဆင်ပြီးအောက်သို့ဆင်းအလာ ‌ဂျောင်ကုကို အာပါးနဲ့မနက်စာစားနေသည်ကိုတွေ့ခဲ့ရသည်*

*ဟ ဒီကောင်ထူးထူးဆန်းဆန်းအာပါးနဲ့မနက်စာစားလို့ပါလား ကြားသားမိုးကြိုး*

" ဟာ ဂျီမင် လာလေ"

*ဂျောင်ကုခေါ်လိုက်သည့်အသံကိုဂျီမင်လှေကားမှကြားလိုက်ရသည်*

*အောင်မာ ငါ့ကိုခေါ်ရတယ်ရှိသေး မသိရင်ငါ့အာပါးကိုယူထားလို့ တာဝန်အရခေါ်ရ‌တဲ့ပထွေးအသံမျိုးနဲ့။အယ်ဟုတ်ဘူးလေအာ့‌ဆိုငါ့အဖေကသူဖြစ်သွားမှာပေါ့မဖြစ်ဘူးမဖြစ်ဘူး*

*ဂျီမင်းတစ်ယောက်ခေါင်းတစ်ခါခါနဲ့လှေကားမှဆင်းလာခဲ့သည်။ထိုအရာကိုလည်းဂျီမင်းအဖေဖြစ်သူယွန်ဂီကလည်းကြည့်ပြီးငါ့သားရူးသွားပြီလားလို့တောင်ထင်မိသည်။*

"ဘာတွေဖြစ်နေ‌တာလဲသား‌ခေါင်းတစ်ခါခါနဲ့"

"အယ် ဘာမှမဖြစ်ပါဘူး‌အာပါး ဒီတိုင်း"

"အိုကေအိုကေ မနက်စားလာစား"

"ဟုတ်"

"ဂျီမင်း ငါမင်းနဲ့အတူတူကျောင်းသွားမှာနော်"

"အေးပါ သိပါတယ် ဘာလို့မနက်စာလာစားတာလဲ"

"ဟဲ့သား သူငယ်ချင်းကိုအဲ့လိုပြောရသလား"

"ဟုတ်ဘူးလေ တစ်ခါမှစားမှမစားတယအဲ‌့ကောင်က အခုမှဘာထဖြစ်"

" ဘာလဲမင်းကသူငယ်ချင်းကိုမကျွေးချင်တာလား
အာ့ဆိုလည်းပြီးရောလေ ငါမစားတော့ပါဘူး"

"ဟာ သားသားစားလေ လာပါ အဲ့ကောင်မကျွေးလည်း ဦးမင်ကျွေးတယ်"

" ဦးမင်ပဲကောင်းတယ် ဟွန့်"

* ဂျီမင်းတစ်ယောက် ဂျောင်ကုကိုကြည့်ပြီး ဂျောင်ကုမှဟုတ်ရဲ့လားတောင်တွေးမိသည်။
အာပါးကလည်းဘာလို့မှသူ့ကိုအဲ့လိုတွေပြောနေလည်းမသိဘူး ကိုယ့်သားဘက်ကမပါဘူး ဟွန့်*

"ဂျီမင်းဘာဖြစ်နေတာလဲစား ပြီးရင် ကုကုနဲ့ကျောင်းအတူတူသွားဟုတ်ပြီလား"

"ကုကု!!"

"ဘာဖြစ်တာလဲ"

"ဟာ အာပါးကသူ့ကိုထူးထူးဆန်းဆန်း 'ကုကု' ခေါ်လို့လေ"

You've reached the end of published parts.

⏰ Last updated: Apr 15 ⏰

Add this story to your Library to get notified about new parts!

ချစ်ရပါသောကျွန်တော့်ရဲ့ ပါမောက္ခ💓Where stories live. Discover now