For Us🐻🐨

184 10 4
                                    

နွေအကူး ဆောင်းဦးရာသီ အဝင်မှာတော့
Korea Soul မြို့မှာ ဆောင်းဦးရွက်ကြွေလို့
အအေးဓာတ်တို့ လွန်ကဲစပြုလာလေပြီ။

Namjoon ဟာ သိပ်တော်တဲ့ Graphic Engineer ဒုတိယနှစ်ကျောင်းသား တစ်ဦးဖြစ်ပြီး
ပြည့်စုံတဲ့ မိသားစုက ရွှေလင်ဗန်းနဲ့အချင်းဆေးလို့
ငွေဇွန်းကိုက် မွေးဖွားလာရပေမယ့် မောက်မာ
ထောင်လွှားမျိုးခြင်းမရှိဘဲ ရည်မွန်စွာ
နှိမ့်ချတတ်သည့် လူငယ်လေးတစ်ဦးလဲ ဖြစ်တယ်။

တစ်ဦးတည်းသော သားလေးမို့ မိဘဆွေမျိုးအသိုင်း
အဝိုင်းတွေက တုန်နေအောင်အချစ်ခံရတဲ့အပြင်
Social butterfly လေးမို့ သူငယ်ချင်းတွေရော
ကလေးအဆုံး အချစ်ခံရသည့် gentleman
ပေါက်စလေး ဆိုလဲမမှားပါဘူး။

အရာရာပြည့်စုံပြီး ဆင်ခြေလျောနေတဲ့သူ့ဘဝကို
Car Accident ကြီးတစ်ခုက ဝင်နှောက်ခဲ့ပြီး
Namjoon ဟာ ဆေးရုံမှာ 3 လလောက်
Coma ဝင်သွားရတဲ့အထိပင် ပြင်ထန်လွန်းပြီး
အဆုတ်ဟာလဲပဲ ခွဲစိတ်ကုသမှုကောင်းလို့
မသေကောင်းမပျောက်ကောင်းနဲ့ အသက်ရှင်ခဲ့တာ
ဖြစ်သည်။မိဘတွေဆို ဒီလောက်လိမ္မာပြီးတော်တဲ့
ကလေးမှ ဒီလိုအဖြစ်ဆိုးကြီးကြုံရလားဆိုပြီး
ယူကျုံးမရကာ အပူလုံးကြွခဲ့ရတဲ့အထိ
Namjoon ဟာ ရောဂါသည်းသွားခဲ့သည်။

လိုအပ်ရင်အဆုတ် အစားထိုးခွဲစိတ်မှုတွေ
ဘာညာ တတ်နိုင်ပေမယ့် Namjoonနဲ့
ကိုက်ညီတဲ့ Organ Donor က မရှိသေးတာ
ကြောင့် အတော်လေးပျက်ဆီးသွားတဲ့ အဆုတ်ကို
မနည်းပြန်အဖက်ဆယ်ယူထားလိုက်ရသည်။

ကျောင်းတွေလဲ နားလိုက်ရပြီး အမောခံလို့မရတဲ့
ရောဂါကြောင့် Namjoon ဟာ တစ်စတစ်စ
စိတ်ဓာတ်ကျလာတယ်။ လူငယ်ပီပီ သွက်လက်စွာ
လှုပ်ရှားချင်ပေမယ့် လေထိမခံတဲ့ အမေရိကန်လို
အိမ်ထဲမှာချည်းနေနေရတာကို တစ်စက်မှမကြိုက်။

ကြာတော့ Namjoon မိဘတွေက သူတို့သားလေး
အခုလို ညှိုးငယ်နေတာကိုမကြည့်ရက်တော့တာ
ကြောင့် စိတ်အပြောင်းအလဲဖြစ်ပြီး...
မြို့ပြနဲ့ခပ်ဝေးဝေး ကွင်းပြင်ကျယ်လိုနေရာမျိုးမှာ
လေကောင်းလေသန့် ရစေချင်တာမို့
California က သူတို့မြေအပိုင် ကျေးရွာလေးတစ်ခုမှာ အပန်းသွားဖြေဖို့ စီစဥ်ပေးတော့ Namjoon
မငြင်းချင်ဘူး။ ကျန်းမာရေးမကောင်းတဲ့ ကမ္ဘာကြီး
မှာ ဆေးဆိုးပန်းရိုက် အငွေ့မွှန်နေတဲ့မြို့ပြကနေ
တစ်ခဏလောက် အနားယူချင်တဲ့စိတ်သူ့မှာအပြည့်ရှိနေတယ်။

For Us (One Shot)Where stories live. Discover now