4

5.7K 861 101
                                    

​မြင့်မိုရ် ​ကျောင်း​ရောက်​ရောက်ချင်း မုန့်​စျေးတန်းမှာ ပီ​ကေနှင့်​ပေါင်မုန့်​တွေ ဝယ်လာခဲ့ကာ အခန်းထဲ ဝင်ခဲ့သည်။ ​ရောက်နှင့်​နေ​လောက်ပြီ ဖြစ်သည့် သူငယ်ချင်း​​​တွေ ရှိရာဘက် ကြည့်လိုက်​တော့ ​သော်​သော်လင်းက မြင့်မိုရ်အား လက်ပြနှုတ်ဆက်​နေ၏။ အမြွှာနှစ်​ယောက်ထဲမှာ​တော့ တစ်​ယောက်သာလျှင် ခုံမှာ ထိုင်​နေသည်။

​ကျောပိုးအိတ် အနက်လွယ်သည်မှာ ဥက္ကာမို့ မြင့်မိုရ်က သွား​လေးဖြီးကာ ရယ်ပြလိုက်ရင်း အနားသွားလိုက်၏။ ပြီး​နောက် လက်ထဲတွင် သယ်လာသည့် ​ပေါင်မုန့်​တွေထဲမှ တစ်ထုပ်နှင့် ပီ​​ကေ တစ်​တောင့်အား ထိုတစ်​ယောက်ကို ​ပေးလိုက်သည်။

" မင်းဆီကပဲ အမြဲတမ်း ကပ်စား​နေတာ အားနာလို့။ မုန့်ပြန်ဝယ်​ကျွေးတာ။ "

​​မြင့်မိုရ် ပြောလည်း​ပြောရင်း အိမ်မှ ထည့်လာ​သော ​Yoshi နို့စ​တော်ဘယ်ရီဘူး​​လေးကို ​ကျောပိုးအိတ်ထဲမှ ထုတ်​​ပေး၏။

" မင်းတစ်​ယောက်တည်းလား။ ဟို အုတ်ကြားမြက်​ပေါက်​လေး​ရော။ "

မြင့်မိုရ်က မ​နေ့က ဥဂ္ဂံဆွဲလိမ်သွားသည်​ကြောင့် နာ​နေ​သေး​သော နှုတ်ခမ်းထိပ်​လေးကို လက်​ချောင်း​လေးဖြင့် ခပ်ဖွဖွ ပွတ်ရင်း ထိုင်​နေသည့် တစ်​ယောက်အား ကြည့်လိုက်၏။ထိုတစ်​ယောက်မှာ မြင့်မိုရ်အား မျက်လုံး လှန်ကာ စိုက်ကြည့်​နေ၏။ထိုအကြည့်​ကြောင့် မြင့်မိုရ်၏ ပြုံး​နေသည့် မျက်နှာ​လေးမှာ ချက်ချင်း တည်သွားပြီး ခါးကိုင်းကာ ထိုတစ်​​ယောက်၏ ဘယ်ဘက်ပါးအား ​ခေါင်းငုံ့ကြည့်၏။

" ​သေပြီပဲ။ "

ခုနကအတိုင်း စိုက်ကြည့်​နေသည့် ဥဂ္ဂံအား မြင့်မိုရ် အကြည့်လွှဲပြီး ခါးပြန်မတ်ကာ ​ကိုယ့်နေရာဆီ လှစ်ခနဲသွား​တော့၏။

" ငါ့ ဒီပါးစပ်နှယ့်လည်း ... စိတ်​လေပါတယ်။ "

ဥဂ္ဂံက ​​နောက်သို့ လည်ပြန်ကြည့်လာ​လေ​တော့ မြင့်မိုရ် စာအုပ်တစ်အုပ် အလျင်အမြန်ထုတ်ကာ စာအုပ်ဖြင့် မျက်နှာအား ကာထားလိုက်၏။ဥဂ္ဂံက ​ခေါင်းပြန်လှည့်သွားပြီး ဘယ်ဘက်ပါးအား လက်ဖြင့် စမ်းကြည့်လိုက်သည်။

Youth , Sweet LoveWhere stories live. Discover now