41 3 0
                                    

"အိုး..ဟို...မထင်မိပါလား ဒင်းဝင်ချက်စတာကိုဒီလိုပုံမျိုးနဲ့တွေ့ရလိမ့်မယ်ငါတခါမှမမျှော်လင့်ခဲ့မိဘူး"

နောက်တစ်ရက်တွင်ကက်စ်ပြောသလိုရိုဝီနာရောက်လာခဲ့ပြီး ရိုဝီနာသည်ဒင်းကိုမြင်တော့ အပြုံးမျက်နှာနှင့်ကျေနပ်ယောင်ရှိတဲ့အရိပ်ယောင်များနှင့်ရယ်မောနေကာ ဒင်းကတော့ခုန်တွင်ဒီအတိုင်းထိုင်ကာရိုဝီနာကိုစိုက်ကြည့်နေပြီး မျက်မှောကျုပ်လျှက်ရှိကာ ကက်စ်က ဒင်းနဲ့မလှမ်းမကမ်းမှာရပ်နေပြီး ဒင်းနဲ့မျက်လုံးချင်းမဆုံမိအောင်သာရှောင်နေတော့သည်။ ထိုအချိန်ဆမ်မှ

"ရိုဝီနာ အရေးကြီးတဲ့နေရာကိုပဲအရင်သွားလိုက်ရအောင် ဒင်းဒီလိုပုံကနေပုံမှန်ပြန်ဖြစ်နိုင်မလား"

"ho....ဆမ်မျူရမ်...မင်းအကိုပုံမှန်ပြန်ဖြစ်နိုင်ပါတယ် ဒါပေမဲ့ငါသူ့ကို ဒီလိုပုံနဲ့ပိုကြိုက်တယ်"

ပြောရင်းရိုဝီနာဒင်းရဲ့မေးကိုလက်ဖျားလေးနဲ့ပင့်တင်ပြီးဒင်းမျက်နှာကိုသေချာအကဲခက်လျှက်
"ကျွတ်..ကျွတ် မင်းမိန်းကလေးအဖြစ်မွေးမလားတာတကယ်နှမျောစရာပဲဒင်း..မင်းသိလား ငါတို့ခေ့တ်အခါကဆိုမင်းလိုရုပ်ရည်မျိုးက....တကယ်ပြီးပြည့်ဆုံတယ်ဆိုတဲ့စကားလုံးထက်ပိုပြီးပြည့်ဆုံတယ်"

ဒင်းရိုဝီနာလက်ကိုအသာဖယ်လိုက်ပြီး ကျေနပ်သယောင်ပြုံးရင်ဆမ်အားမျက်စပြစ်လိုက်ပြီး
"ချီးကျူးတာကိုတော့ကျေးဇူးပါရိုဝီနာ ဒါပေမဲ့ကျွန်တော်ပုံမှန်အတိုင်းပြန်မဖြစ်ရင် ဆမ်သူ့ကိုယ်သူသတ်သေမှာဆိုးရိန်ရတယ်"

ဆမ်မျက်လုံးအားလှန်လိုက်ပြီးနှာမှုတ်ကာ
"မင်းကြောင့်ပဲလေ"

ဒင်းသူ့ရင်ဘက်ကိုနာကျင်သယောင်အပြုမူနဲ့ဖိနှိမ့်ကချိုသာပြီးသေးငယ်လှသောအသံလေးဖြင့်
"အိုးး..ဆမ်မီ..မင်းကလဲ"

ဆမ်မျက်မှောင်ကျုပ်သွားပြီး
"အဲ့လေသံနဲ့ငါ့ကိုစကားလာမပြောနဲ့"

ဒင်းဆမ်ပုံအားကြည့်ပြီးတစ်ချက်ရယ်လိုက်ပြီး ရိုဝီနာဘက်ပြန်လှည့်ကာ
"ဒါကျွန်တော်ဘဝရဲ့အကောင်းဆုံးအခိုက်တန်ပဲ သူ့ရုပ်ကိုကြည့်ပါအုံးမရယ်ရဘူးလား"

မိန်းကလေးအဖြစ်ပြောင်းခံလိုက်ရသောDeanWhere stories live. Discover now