Unicode
"ဟန်ယူဂျင်းရော"
"ရစ်ခီက ရေခဲချောင်းစားချင်လို့တဲ့ သွားဝယ်တယ်"
"ရား ရစ်ခီ မင်းတော့လား ဟန်ယူဂျင်းကို ရည်းစားထားခွင့်လေး ဘာလေး ပေးပါဦးလား သူက မင်းရဲ့ အဖေကြီးလိုလို၊ ရည်းစားလိုလိုကို ဖြစ်နေပြီ"
သူ့အကြောင်းကို ဘေးထိုင်ပြောနေလည်း ရစ်ခီက ဖတ်နေတဲ့ manhwa စာအုပ်ကို အကြည့်မပျက်။ ဒါမှမဟုတ် ဒီအကြောင်း၊ ဒီခေါင်းစဉ်ပဲ နေ့တိုင်းကြားနေရလို့နေမှာပေါ့။
"ရစ်ခီ ဒီမှာ မင်းအတွက် ရေခဲချောင်းရပြီ"
"ပေး ပေး အကုန်တူတူပဲမလား"
စိတ်မြန်လက်မြန်သမား ဂယူဘင်းကဆွဲယူတော့ ယူဂျင်းမှာ ရေခဲချောင်းတွေထည့်ထားတဲ့အိတ်ကို ကမန်းကတန်းပြန်ဆွဲယူရသေး။
"မဟုတ်ဘူး! ရစ်ခီက ရေခဲချောင်းစားရင် စတော်ဘယ်ရီအရသာမှ စားတာမို့
ကျန်တဲ့သူတွေက အကုန်တူတူပဲ လိမ္မော်သီးအရသာဝယ်လာတာ"ကျန်တဲ့ခုနစ်ယောက်လုံး မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသား။
"လေကို ရှည်တယ် မင်းတို့မစားရင် အကုန်သူများကျွေးပစ်မှာနော် ခဏနေ ကျောင်းတက်တော့မှာ"
ရစ်ခီက သူ့ရဲ့ စတော်ဘယ်ရီရေခဲချောင်းကို ယူရင်းပြောတော့မှ တစ်အုပ်စုလုံး ပါးစပ်ပိတ်ပြီး ရေခဲချောင်းကိုယ်စီစားကြတော့တာ။ ရစ်ခီက စတော်ဘယ်ရီရေခဲချောင်းလေးရဲ့ ထိပ်ကို ကိုက်နေရင်း ဟန်ယူဂျင်းက သူ့နဖူးပေါ်က ချွေးတွေကို လက်ခုံနဲ့သုတ်လိုက်တာကို မြင်လိုက်ရသေးတယ်။ သူစိုက်ကြည့်နေလိုက်တယ်။ တစ်ကနေ တစ်ဆယ်လောက်ထိ။
'ဟက် ရည်းစားတဲ့လား'
.....
ကျောင်းပိတ်ရက်။
"အား ပျင်းလိုက်တာ ဟန်ယူဂျင်း ဘာမှလုပ်စရာမရှိဘူးလား"
အိမ်ရှေ့က သစ်ပင်ကြီးကို ပတ်ရိုက်ထားတဲ့ ခုံတန်းရှည်မှာ ရစ်ခီလှဲချနေရင်းက ယူဂျင်းကို လှမ်းပြီး ဂျီတိုက်နေတာ။ ဟန်ယူဂျင်းကတော့ ကျောပိုးအိတ်နှစ်လုံးကို ဟိုဘက်ဒီဘက်လွယ်ရင်း စာအုပ်တွေအထပ်လိုက်ကို မ လာပြီး ရစ်ခီရဲ့ ခေါင်းဘေးနားမှာ ချတယ်။
YOU ARE READING
𝐿𝑜𝑣𝑒 𝑖𝑠 .....
Fanfictionအချစ်ဆိုတာ သူ့ရဲ့ဆံနွယ်ဖြူတွေကြားမှာ ပန်းလေးတစ်ပွင့်ကို ကိုယ်တိုင်ညှပ်ပေးချင်မိတာမျိုး...