Say You Won't Let Go

1.6K 222 57
                                    

( Song recommendation- Say You Won't Let Go covered by JAY )

မနက်အလင်းရောင်က ဖြူလွှလွှလိုက်ကာစများနောက်မှ အခန်းတွင်းတစ်ခုလုံးသို့ ဖြာကျလာချိန်တွင် ဂျုံဆောင်းရင်ခွင်ထဲမှ ကိုယ်လုံးနွေးနွေးလေးကို ပိုမိုတင်းကျပ်စွာ ဖက်ထားမိလိုက်သည်။

ဤအနေအထားလေးက မနက်တိုင်း သူ့ကိုစိတ်ရွှင်စေ၍ အိပ်ယာထဲမှ မထချင်အောင် ဆွဲဆောင်နေပါသော်လည်း ယနေ့မနက်တွင်မူ ချိန်းဆိုထားခြင်းတစ်ခု ရှိနေသေးတာမို့ ဂျုံဆောင်း မျက်ဝန်းများကို အားတင်းကာ ဖွင့်ဟလိုက်၏။

ထို့နောက် သူ အိပ်ယာမှထရန်အတွက် အနည်းငယ်အားယူကာ ခေါင်းကြွလိုက်သော်  သူဖက်ထားသော ကိုယ်လုံးလေးက အနည်းငယ် အနေအထားပျက်၍ လူးလွန့်လာလေသည်။

ဂျုံဆောင်း မနက်ခင်းအိပ်ယာနိုးခါစ ထိုမျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးအားကြည့်ရင်း နှစ်လိုစွာ တစ်ချက်ပြုံးလိုက်ပါ၏။

" ထတော့မလို့လား "

ထိုကောင်လေး၏ မျက်လုံးတို့က ပွင့်ဟမလာသေးသော်လည်း ဂျုံဆောင်း၏ လှုပ်ရှားမှုများကို ခံစားမိစွာ အိပ်ချင်မူးတူးအသံလေးဖြင့်မေးလာလေသည်။

ဂျုံဆောင်း အသည်းယားသွားရသဖြင့် ထိုပါးဖောင်းဖောင်းလေးထက်ကို ဖိကပ်ကာနမ်း၍ ထိုမှတဆင့် နှုတ်ခမ်းအိအိလေးထက်သို့ပါ အနမ်းများ ရေတွက်မရအောင် အကြိမ်ကြိမ်ခြွေချလိုက်၏။

ထိုအခါ အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် ရယ်သံတိုးလွင်လွင်လေးများ ထွက်ကျလာပြီး သူ့မျက်နှာကို လက်ဖဝါးလေးနှင့် တိုးကာ တားလာလေသည်။

" မျက်နှာလည်း မသစ်ရသေးဘဲနဲ့ "

ဂျုံဆောင်း ထိုလက်ကလေးကို ဆုပ်ကိုင်ကာဖယ်၍ ထပ်မံကာ နှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်ပြန်၏။

" ဘာဖြစ်လဲ မနက်တိုင်း ဒီလို နမ်းနေကျပဲကို "

" ညစ်ပတ်တယ် "

ထိုအခါ ဂျုံဆောင်းထိုကောင်လေး၏ ဗလာကျင်းနေသောကိုယ်လေးကို စောင်အောက်မှ ပွေ့ဖက်ယူ၍ ပုခုံးသားဖွေးဖွေးလေးတို့ကိုပါ တစ်ဖက်ကို လက်နှင့်ပွတ်၍ တစ်ဖက်ကို ငုံ့ကာ နမ်းလိုက်ပါသည်။

Say You Won't let go Where stories live. Discover now