Episode 1

233 12 0
                                    

Unicode

၂၀၀၂ ခုနှစ် စက်တင်ဘာ ၁၅ ရက် ( ရှီအန်းမြို့ )
မင်တရားရေးစီရင်ရုံး

မြူနှင်းများနဲ့ခိုးဝေနေသောရှီအန်းမြို့က မင်တရားရေးစီရင်ရုံးရှေ့မှာအလင်းရောင်မရှိပဲ မီးရောင်ခပ်ဝါဝါအောက်မှာတိတ်ဆိတ်စွာငြိမ်သက်နေသည်။ လမ်းမပေါ်က သွေးစက်များကိုလှည်းကျင်းရင်း သားသတ်ရုံဘက်ကိုကြည့်ကာ သက်ပြင်းကြီးစွာချမိတယ်။ ရှီအန်းမြို့က သားသတ်ရုံနှင့်တစ်ဖြည်းဖြည်းတူလာပီဖြစ်သည်။

၁၉၆၈ ခုနစ် ဂျပန်တွေရဲ့ ကျူးကျော်စစ်ကိုအလူးအလဲခံစားပီးတဲ့နောက်မှာ တရုတ်ပြည်ကနောက်တစ်ချိန်ရှင်သန်ဖို့ရာအင်တိုက်အားတိုက်ဖြစ်နေပြီဖြစ်သည်။တရုတ်လူမျိူးတွေကသူများလက်အောက်ခံသာဖြစ်လိုက်ရမည့်အစားသေဖို့သာရွေးချယ်သွားလိုက်မည့်ဆိုသည့်အမျိူးဖြစ်၍တိုင်းပြည်တိုးတက်ရေးမှာ အစိုးရဘက် ကအိမ်တော်ကြီးတွေနဲ့ ပူးတွဲအုပ်ချူပ်ရေးကျင့်သုံးခဲ့တယ်။

ယခင်မင်းဆက်များကကျင့်သုံးခဲ့တယ် ဉပဒေများကိုပယ်ဖျက်ခဲ့ပီးအစေခံတွေကို ကျွန်အဖြစ်ပြောင်းလဲခဲ့တယ်။

ပြောင်းလဲခံရတယ့်ကျွန်တွေကိုသစ္စာဖောက်ရှိမည်စိုး၍ ယန် အမှတ်အသားပြုလုပ်ကာ ချမ်းသာသည့်
အိမ်တော်များအားပို့ဆောင်ခဲ့သည်။ ဆင်းရဲနုတ်ချာသည့်အိမ်တော်များသာ အစေခံများထားရှိတာကာအိမ်တော်ကြီးလေးခုရဲ့လက်အောက်ခံအဖြစ်ဆက်လက်ထားရှိတယ်။

ရှီအန်းမြို့ကအစိုးရဘက်ကဘယ်လောက်ပဲ အာဏာရှိရှိ ဉပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့ အိမ်တော်ကြီးလေးခုနဲ့မကင်းလို့မရတာကြောင့် တိုင်းပြည်ပြန်လည်ဦးမော့တိုးတက်လာရေးအတွက် မဆိုင်သည့်ကိစ္စများဝင်မပါပဲသူ့အကန်ကိုယ့်အကန့်ထားကာ အာဏာအပြိုင်ဖြစ်လေသည်။

အိမ်တော်ကြီးလေးခုမှာ ရှီ အိမ်တော် ၊ ကျင်းအိမ်တော်၊ ဝမ်အိမ်တော်နှင့် ယီအိမ်တော်ပင်ဖြစ်သည်၊ တိုင်းပြည်အုပ်ချူပ်ရေးကိုအစိုးရနှင့်ပူးတွဲအုပ်ချူပ်သော်လည်း အစိုးရနဲ့ပင်တန်းတူအာဏာရှိသည်များပင်ဖြစ်သည်။ ရှီအန်းမြို့မှာ ကောအနွယ်ဝင်တွေကရှားပါးတာမို့ ရရှိလာတဲ့ ကောမျိူးနွယ်တွေကို ရယူကာဂျပန်တွေထံဆက်သလေ့ရှိသည်။

Wang 's ChicagoWhere stories live. Discover now