Part 13

171 7 10
                                    

ခမ်းနားလှသောအိမ်ကြီးတစ်ခုတွင်

"hello ဘယ်သူလဲရှင့်"

"ရှင်!!..ဟုတ်ကဲ့"

"phခနကိုင်ထားပါနော်"

တစ်ဖက်ကလူ၏စကားကြောင့်အိမ်တော်ထိန်းမှာထိန့်လန့်သွားပြီးချက်ချင်းဆိုသလိုအိမ်ပေါ်တက်ကိုပြေးတက်သွားလေသည်။

"သခင်မကြီး..သခင်မကြီး"

"ဟဲ့..ဘာလို့အဲ့လောက်ထိန့်လန့်နေတာတုန်း"

"သခင်မကြီးဘယ်ကမှန်းမသိတဲ့လူတစ်ယောက်phဆက်တယ်"

"သခင်မကြီးနဲ့အရမ်းအရေးကြီးကိစ္စပြောချင်လို့ပါတဲ့"

"ငါမပြောချင်ဘူး"

"ဟို...ဟိုသခင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စပါတဲ့"

"ဟမ်."

အမျိုးသမီးကြီးမှာအိမ်တော်ထိန်းနှင့်အတူအောက်ထက်သို့ဆင်းပြီးတယ်လီဖုန်းရှိရာသို့သွားလေသည်။

"hello"

"ဟုတ်တယ်ငါကဟန်လုပ်ငန်းစုရဲ့သခင်မကြီးပဲ"

"မဖြစ်နိုင်တာတွေမပြောနဲ့...ငါယောကျ်ားဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး"

"ဒါဆိုမင်းသက်သေပြ"

"ကောင်းပြီလေ..ငါစောင့်နေမယ်"

ထိုအမျိုးသမီးမှာအိမ်ပေါ်ထပ်သို့ပြန်တက်သွားပြီးမိမိ၏အိပ်ခန်းထဲတွင်ရှိ​သည့်​laptopကိုဖွင့်လိုက်လေသည်။

မကြာခင်မှာပဲnotiတစ်ခုတက်တာကြောင့်သူမnotiကိုကြည့်လိုက်တော့vdတစ်ပုဒ်ဖြစ်နေ​လေ သည်။

"မဖြစ်နိုင်ဘူး..မဖြစ်နိုင်ဘူးအား"

ထိုအမျိုးသမီး၏ထိန့်လန့်စွာအော်သံကြောင့်အိမ်တော်ထိန်းမှာပြေးတက်လာလေသည်။

"သခင်မကြီး..သခင်မကြီး"

"မဖြစ်နိုင်ဘူး..မောင်ကဒီလိုလုပ်မှာမဟုတ်ဘူး"

အိမ်တော်ထိန်းမှာအရှေ့တွင်ရှိသောlaptopကိုကြည့်လိုက်တော့သခင်ကြီးနှင့်ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်အသည်းအသန်sexလုပ်နေသောvdဖြစ်လေသည်။

"ပိတ်လိုက်...ချက်ချင်းပိတ်လိုက်"

"ဟုတ်..ဟုတ်ကဲ့"

Top to bottom (​ခေတ္တရပ်နား)Where stories live. Discover now