"စိတ်မဆိုးပါနဲ့ကွာ"
စာရေးခုံပေါ်မှာထိုင်နေတဲ့ ဟန်ဝမ်ဂျင် ကို စာရေးခုံအရှေ့ကနေ မတ်တပ်ရပ်ကာ မမောနိုင်မပန်းနိုင်နှင့်ချော့နေရခြင်းပင်။ဝမ်ဂျင်ကတော့ သူ့ကိုအရေးမစိုက်။စာကိုသာ ကုန်းရုန်းလုပ်နေသည်။ဟန်ဝမ်ဂျင် စိတ်ဆိုးတာကိုချော့ရသည်မှာ တစ်ကယ်မလွယ်။တော်တော်နှင့်စိတ်ဆိုးမပြေသည့် သူ့သည်းငယ်ကိုချော့ရသည်မှာ သူအတွက်တော့ ဖြေရှင်းရခက်သည့် သင်္ချာပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းရသလိုပင်။
"သွားလိုက်တော့နော် ဂုဂျောင်မို တစ်ကယ်စိတ်ရှုပ်နေပြီ!"
"သည်းငယ်ကလည်းကွာ"
ဟန်ဝမ်ဂျင် သူ့ရဲ့အရှေ့ကနေ မျက်နှာငယ် လေးနှင့်ထိုင်ချော့နေသည့်လူကို သနားမိပေမယ့် စိတ်လေးက အနည်းငယ် တင်းထားမိသေးသည်။ကိုယ်တိုင်ကလည်း ထိုလူ့အပေါ် ဆိုးချင်၊ဂျစ်ချင်တာလည်းပါသည်။သူတို့နှစ်ယောက်တွဲနေသည့်အကြောင်းကိုလည်း အကုန်လုံးက သိနေပြီးသားမို့ ဘယ်သူကမှလည်း သူတို့ကို အထူးတလည်ဂရုစိုက်မနေကြပါ။
"ဘာမှလာပြောမနေနဲ့သွားတော့ အတန်းလည်းတက်တော့မှာ!"
"မသွားနိုင်ပါဘူး ကိုယ့်သည်းငယ်ကမှစိတ်မဆိုး မပြေသေးတာ"
ဟန်ဝမ်ဂျင် သူ့ရဲ့အရှေ့ကနေ ထိုင်နေတဲ့
ဂုဂျောင်မို ကိုကြည့်ကာ သူ့စိတ်တွေကြည်လင်လာပါပြီ။သူ အမြဲတမ်းဆိုးတိုင်း သည်းခံပေးသည့်လူကို သူလည်း အမြဲတမ်းအချစ်ပိုနေရသည်။အသက်က တစ်နှစ်လောက်သာ ကိုယ့်ထက်ကြီးပေမယ့် အမြဲတမ်း သည်းခံပေးတတ်တာ တစ်ကယ့်အစ်ကိုကြီးအတိုင်းပင်။"နော်...သည်းငယ် စိတ်ဆိုးပြေတော့"
"သူနဲ့နောက်တစ်ခါ အဲ့လိုနေဦးမှာလား"
စိတ်ဆိုးနေတုန်းပင် မျက်နှာလေးက ခုနကထက် ပျော့လာသည်မို့ သူ့သည်းငယ်က စိတ်ဆိုးပြေတော့မည်ဆိုတာ အလိုလိုနေရင်းခံစားရသည်။ဝမ်ဂျင် ပြောသည့် "သူ"ဆို
ဂုဂျောင်မို ရဲ့သူငယ်ချင်း ကင်ထယ်ဝူ ကိုပြောခြင်းပင်။အဲ့ဒီလို သူ့သည်းငယ်က သူ့ကို
သူငယ်ချင်းတွေနှင့်ကိုပင် သဝန်တိုတတ်သည်။အခုလည်းဘာမှမဟုတ် ထယ်ဝူ
နှင့် စလိုက်နောက်လိုက်လုပ်နေသည်ကိုမြင်သွားခြင်း။