ဧပရယ်လ ..
ပိတောက်များ ဝေဆာနေသော သင်္ကြန် အတက်နေ့ ..မိဘတွေ နှစ်ကူးတရားစခန်းဝင်သွားလို့ ကျွန်တော် အိမ်တွင်း ခြေချုပ်ကျနေချိန် မမဆီက ဖုန်းဝင်လာသည် ။
"ဟယ်လို .. မမ "
"အီးဟီးဟီးဟီး .... "
မမ ငိုသံကို ပီပီသသကြီး ကြားလိုက်တာကြောင့် ထိုင်နေရာမှ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်မိသည်။
"ဟင် .. မမ ..? ဘာလို့ ငိုနေတာလဲ.. မမ ဘာဖြစ်လို့လဲ .."
"ဟိုကောင် ကျော်ကြီးပေါ့ .... "
သူ့ဘဲ ဘာဖြစ်ပြန်ပြီလဲမသိဘူး ။ သူတို့ ရေပက်ခံထွက်ကြရင်း ရုံးရောက် ဂတ်ရောက်တွေ ဖြစ်ကုန်ပြီလား မသိဘူး ။
"ဟင် .... ဘာဖြစ်လို့လဲ ကိုကျော်ကြီးက .."
"အဲ့ခွေးမသား ... ငါ့ကို ထားသွားပြီ ...အီးဟီးဟီး "
ပြောပြီး အော်ငိုပြန်သည်။
နားနဲ့ ကပ်ထားသော ဖုန်းကို အလန့်တကြား ဆွဲခွါလိုက်ရသည် အထိ အော်ငိုနေသည်။"နှစ်ကူးမှာတဲ့ ... အဟင့်ဟင့် .... အဟောင်းတွေ ချန်ခဲ့ရမယ် ဆိုပြီး .... ဟင့်ဟင့် .... ငါ့ကို ထားသွားတာ ....."
ဪ ... စောင်တလွဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ထင်ထားတဲ့ နေ့တော့ ရောက်လာပြီပဲ မို့ အသံအေးအေးဖြင့်သာ တုံ့ပြန်လိုက်သည်။
"မမက ခု ဘယ်မှာလဲ .."
နှပ်ချေးညှစ်သံကြီး နောက်မှ အက်ရှရှအသံလေးထွက်လာသည်။
"အိမ်မှာ .."
တော်သေးတာပေါ့ဟု စိတ်တွင်းက မှတ်ချက်ချလိုက်သည်။
"နှစ်သစ်ကူးကာလကြီးမှာ မငိုရဘူးလေ မမရဲ့
တိတ်တော့.. နော် ... ""ငိုမှာပဲဟာ .... ဗြဲ ... "
ပြောလေ ကဲလေ .. မန်းလေ ပြဲလေ .. ငိုသံက ရွဲ့နေသလားမှတ်ရ ။ ပိုရျ် ပိုရျ် ကျယ်လာသည်။
"ကျွန်တော်က ခုပဲ စဉ်းစားနေတာ ...ရာသီဥတု ပူတော့လေ ရေခဲမုန့် စားမလားလို့ ... မမရော "
"ဟာ ... ဘာတွေ မေးနေတာလဲဟာ .. ငါ စိတ်ညစ်နေပါဆိုမှ.... "
ငိုသံက နည်းနည်း တိုးသွား၏။
YOU ARE READING
The Love With The Raindrops (Complete)
Short Storyအသက်အရွယ်တွေကွာသွားလည်းကျွန်တော်တို့ဖြစ်နိုင်တယ်မလားမမ