Part 1

37 1 0
                                    

ဧပရယ်လ ..
ပိတောက်များ ဝေဆာနေသော သင်္ကြန် အတက်နေ့ ..

မိဘတွေ နှစ်ကူးတရားစခန်းဝင်သွားလို့ ကျွန်တော် အိမ်တွင်း ခြေချုပ်ကျနေချိန် မမဆီက ဖုန်းဝင်လာသည် ။

"ဟယ်လို .. မမ "

"အီးဟီးဟီးဟီး .... "

မမ ငိုသံကို ပီပီသသကြီး ကြားလိုက်တာကြောင့် ထိုင်နေရာမှ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်မိသည်။

"ဟင် .. မမ ..? ဘာလို့ ငိုနေတာလဲ.. မမ ဘာဖြစ်လို့လဲ .."

"ဟိုကောင် ကျော်ကြီးပေါ့ .... "

သူ့ဘဲ ဘာဖြစ်ပြန်ပြီလဲမသိဘူး ။ သူတို့ ရေပက်ခံထွက်ကြရင်း ရုံးရောက် ဂတ်ရောက်တွေ ဖြစ်ကုန်ပြီလား မသိဘူး ။

"ဟင် .... ဘာဖြစ်လို့လဲ ကိုကျော်ကြီးက .."

"အဲ့ခွေးမသား ... ငါ့ကို ထားသွားပြီ ...အီးဟီးဟီး "

ပြောပြီး အော်ငိုပြန်သည်။
နားနဲ့ ကပ်ထားသော ဖုန်းကို အလန့်တကြား ဆွဲခွါလိုက်ရသည် အထိ အော်ငိုနေသည်။

"နှစ်ကူးမှာတဲ့ ... အဟင့်ဟင့် .... အဟောင်းတွေ ချန်ခဲ့ရမယ် ဆိုပြီး .... ဟင့်ဟင့် .... ငါ့ကို ထားသွားတာ ....."

ဪ ... စောင်တလွဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ထင်ထားတဲ့ နေ့တော့ ရောက်လာပြီပဲ မို့ အသံအေးအေးဖြင့်သာ တုံ့ပြန်လိုက်သည်။

"မမက ခု ဘယ်မှာလဲ .."

နှပ်ချေးညှစ်သံကြီး နောက်မှ အက်ရှရှအသံလေးထွက်လာသည်။

"အိမ်မှာ .."

တော်သေးတာပေါ့ဟု စိတ်တွင်းက မှတ်ချက်ချလိုက်သည်။

"နှစ်သစ်ကူးကာလကြီးမှာ မငိုရဘူးလေ မမရဲ့
တိတ်တော့.. နော် ... "

"ငိုမှာပဲဟာ .... ဗြဲ ... "

ပြောလေ ကဲလေ .. မန်းလေ ပြဲလေ .. ငိုသံက ရွဲ့နေသလားမှတ်ရ ။ ပိုရျ် ပိုရျ် ကျယ်လာသည်။

"ကျွန်တော်က ခုပဲ စဉ်းစားနေတာ ...ရာသီဥတု ပူတော့လေ ရေခဲမုန့် စားမလားလို့ ... မမရော "

"ဟာ ... ဘာတွေ မေးနေတာလဲဟာ .. ငါ စိတ်ညစ်နေပါဆိုမှ.... "

ငိုသံက နည်းနည်း တိုးသွား၏။

The Love With The Raindrops (Complete)Where stories live. Discover now