မိုးဖွဲလေး☔ အပိုင်း(၁)
မိုးရနံ့တွေသင်းတဲ့ဒီမြေနီလမ်းလေးထဲ
မင်းနဲ့တွေ့ဆုံခဲ့တယ်
သောကြာနေ့ရဲ့ညနေခင်းတိုင်းမှာလည်း
မင်းလာနေကြလမ်းလေးအတိုင်း
ကိုယ်စောင့်မျှော်နေမိတယ်
မင်းနဲ့စတဲ့ကံကြမ္မာကိုမင်းနဲ့သာအဆုံးသတ်ချင်သူမို့
မိုးစက်လေးတွေအောက်ကကိုယ့်အပိုင်မိုးဖွဲလေးဖြစ်လို့ပေးပါ☔ ☔ ☔
ကားမှန်အကြည်လေးပေါ်သို့ကျရောက်လာတဲ့မိုးစက်ပေါက်လေးများအား လက်ကလေးဖြင့်သူပွတ်သပ်ကြည့်နေမိသည်။
မှန်လေးပေါ်သို့ကျရောက်လိုက် တဖြည်းဖြည်းအောက်သို့စီးကျသွားလိုက်ဖြစ်နေသောမိုးစက်ပေါက်လေးများအားကြည့်ကာ နှုတ်ခမ်းပါးလေးမှာပြုံးယောင်သမ်းလာသည်။သူမိုးရာသီကိုသိပ်ချစ်ပါသည်။
အထူးသဖြင့်မိုးစက်
လေးတွေအောက်ကထီးလေးတစ်ချောင်းနဲ့မိုးဖွဲလေးကိုပိုချစ်သည်။Juneလမိုးရာသီရဲ့မိုးဖွဲလေးကသူ့ရဲ့နှလုံးသားကိုလှုပ်ခတ်စေခဲ့သည်။
Jeon Jungkookဆိုတဲ့လူရဲ့နှလုံးသားကိုလှုပ်ခတ်နိုင်တာ ဒီကမ္ဘာမှာမိုးဖွဲလေးတစ်ယောက်သာရှိသည်။
အခုလည်းမိုးဖွဲလေးရဲ့လာနေကြလမ်းလေးအတိုင်းသူစောင့်မျှော်နေမိပြန်သည်။
မိုးဖွဲလေးကိုပြီးခဲ့တဲ့သောကြာနေ့ကဒီမြေနီလမ်းလေးအတိုင်းလမ်းလျောက်လာသည်ကိုသူပထမဆုံးတွေ့လိုက်ခြင်းဖြစ်သည်။
အဝါရောင်Hoodieအပွလေးကိုဂျင်းဘောင်းဘီအပြာနုလေးနဲ့တွဲဝတ်ထားပြီးလက်ထဲတွင်ထီးအကြည်လေးဆောင်းကာ တစ်ချက်တစ်ချက်မိုးရေစက်လေးများကိုထီးလေး၏အပြင်မှထွက်၍လက်ဖဝါးလေးဖြန့်ကာခံယူနေသည်။
ထိုမြင်ကွင်းလေးဟာကိုယ့်အတွက်တော့အေးချမ်းရာလေးတစ်ခု။
ဘာကြောင့်ယောကျာ်းလေးတစ်ယောက်က ဒီလောက်အေးချမ်းတဲ့အပြုအမူလေးကိုဆောင်ယူဖန်တီးနိုင်ရပါသနည်းသူမသိ။သိခဲ့တာတစ်ခုသာရှိသည်။
မျက်စိရှေ့မှအေးချမ်းရာလေးကြောင့်အဲ့နေ့ကစိတ်ရှုပ်စရာတွေကင်းဝေးသွားတာတော့ကျိန်းသေပေါက်ပင်။လူတွေပြောကြတဲ့
မြင်မြင်ချင်းအချစ်ဆိုတာကိုJungkookအခုတော့ယုံကြည်နေမိသည်။
YOU ARE READING
မိုးဖွဲလေး☔(Jikook)
Fanfictionအချစ်ဆိုတာဘာလဲလို့မေးရင် မိုးစက်လေးတွေအောက်ကထီးလေးတစ်ချောင်းနဲ့မိုးဖွဲလေးလို့ အဓိပ္ပာယ်ဖွင့်ဆိုမယ်...