6

14.6K 103 2
                                    

သူ့အရှေ့တွင် တည်ငြိမ်နေပြီး ပြုံးချိုသည့်မျက်နှာဖြင့်ထိုင်နေသည့် အနှီးရွှေအိုရောင်ဆံပင်များရှိသည့်ကောင်လေးကိုကြည့်တာနဲ့ ဘာရန်ဟာ ထိုကောင်လေး၏မိခင်ဖြစ်သူကိုပါမြင်ယောင်မိသည် ၊ ရွှေအိုရောင်ဆံပင်နှင့် ပြာလဲ့နေသည့်မျက်ဝန်းများသည် အမေစီမှာ အမွေရထားခဲ့ခြင်းဖြစ်သည် ဘာရန်းနှင့်တူလျှင် သေ‌ချာပေါက်ရုပ်ဆိုးမည့်သူ အခုတော့ဆန်ကျင်ဘက် ဘာရန်းသားဟုမထင်ရက်လေအောင် ပြစ်ချက်ကင်းလှပလွန်းသည့် ကောင်လေး ဗီးနက်ကိုလ်းပါလေ ။

" မင်းအမေက အ‌ဆိုတော်မလေး မဟုတ်လား "

" မထင်မရှား အဆိုတော်မလေးပါဘဲ ဖေဖေ
အခုတော့ မေမေ သေရှာပြီလေ မသေခင်မေမေက မသေခင်မင်းဖေဖေက သူငှေးကြီးမစ္စတာဘာရန်ပါလို့ ‌ပြောခဲ့တယ် "

ဗီးနက်ကိုလ်း ဖေဖေဟု ရွဲခေါ်လိုက်တဲ့အပေါ် ဘာရန်ဟာမကျေနပ်ဖြစ်နေသည်
ဒီကောင်လေးဟာ ပေါ့သေးသေးတော့မဟုတ်တာ ဘာရန်ရိပ်မိသည်
ဘာကြောင့်ဆို ဒီကောင်လေး၏ မိခင်ဟာလဲပေါ့သေးသေးမဟုတ်ခဲ့ပါ
ထိုကောင်လေးလသားလောက်ထဲက ကလေးကိုပိုက် အိမ်ပေါ်တတ်ပြီး ပိုင်ဆိုင်မှု
တစ်ဝက်တိတိပေးပါဟု တောင်းခဲ့သည့် မိန်းမပါလေ သူ့အမေသွေးတွေက
သူ့ထဲအပြည့်အဝစီးဆင်းနေသည့် အလား ဘာရန် တွေးမိသည် ။

" အဲ့ video တစ်ခုလောက်နဲ့ငါကြောက်မယ်လို့ ထင်နေလား ဟား "

" မထင်ပါဘူး ဖေဖေရဲ့ တရားမဝင်လုပ်ငန်းတွေကိုမမေ့စေချင်ဘူး
ဟဲဟဲ ဒီမှာ ကြည့် "

ဘိန်းတွေ အများကြီး သိုလှောင်ထားသည့် စက်ရုံများကိုရိုက်ထားသည့်ပုံများကိုထုတ်ပြသည့် အခါ ဘာရန်းမျက်လုံးပြူးသွားသည် ၊သူသိပ်ကိုပိရိခဲ့တာပါ

" မင်း ဘာလိုချင်တာလဲ "

" ကျွန်တော့်ကို ဖေဖေ့သားအဖြစ် လူသိရှင်ကြားမိက်ဆက်ပေးတာလိုချင်တယ်
ဒါတောင်းဆိုနေတာမဟုတ်ဘူး အမိန့်ပေးနေတာ "

" ဘာ ! မင်းဘာခွေးစကားလာပြောတာလဲ မအေဘေး "

ဘာရန် ဒေါသအလွန်ထွက်သွားပြီး လှလှလေးပြုံးပြနေတဲ့ ဗီးနက်ကိုလ်းမျက်နှာကိုထိုးဖို့လုပ်လိုက်သည် သို့သော် မတ်တပ်ထရပ်လိုက်ပြီး

You've reached the end of published parts.

⏰ Last updated: Apr 18, 2024 ⏰

Add this story to your Library to get notified about new parts!

SuperstarWhere stories live. Discover now