မှောင်ခိုလုပ်ငန်းတွေဖြစ်တဲ့လက်နက်ရောင်း၀ယ်မှု၊မူးယစ်ဆေးတို့၊ရဲ့ရှင်ဘုရင်ဖြစ်တဲ့လူ။ရက်စက်တဲ့နေရာမှာနှစ်ယောက်မရှိတဲ့...phuwin tang
မြေအောက်မှောင်ခိုလုပ်ငန်းမှာဆိုရင် tang ဆိုတဲ့ဂိုဏ်းကိုဘယ်သူမှမထိရဲကြ။ထိမိရင်လဲအသက်အတွက်အာမခံချက်မရှိ။
ဒီဂိုဏ်းကိုဂိုဏ်းတူချင်းတွေသာမကရဲတွေ၊ဒါ့အပြင်နိုင်ငံတော်အကြီးအကဲတွေပါမကျန်ကြောက်ကြရသည်။ဒီဂိုဏ်းနဲ့လွတ်ကင်းသူရယ်လို့မရှိ။
phuwin tangဆိုတာသိုးရေခြုံထားတဲ့ဝံပုလွေလိုလူမျိုး...
ဒါပေမဲ့ဘယ်သူသိမှာလဲ။ဒီလိုရက်စက်တဲ့ကောင်လေးရဲ့အိမ်ကြီးထဲမှာဖွက်ထားတဲ့သူ့ရဲ့ချစ်ဖို့ကောင်းတဲ့နေရောင်ခြည်လေးကို
_______________"မင်းတို့လိုဘာမှမဟုတ်တဲ့ဂိုဏ်းကများငါ့ကိုလှည့်စားချင်နေတာလား!!!"
တံခါးကိုခြေထောက်ဖြင့်ကန်ကာကြောက်မက်ဖွယ်ထွက်လာသောအသံ။
"အကုန်သတ်တစ်ယောက်မှမလွတ်စေနဲ့"
အဖြူရောင်စံအိမ်ကြီးမှာရုတ်ချည်သွေးများဖြင့်
အနီရောင်လွှမ်းသွားတော့သည်။သေနတ်သံများမှာလဲအိမ်ကြီးထဲပဲ့တင်ကာကြောက်မက်ဖွယ်ဖြစ်နေတော့သည်။ပေါင်ရင်းကိုသေနတ်မှန်ထားသောတစ်ဖက်မှခေါင်းဆောင်ဖြစ်ပေါ်ပုံသောလူကိုphuwin tangကဆံပင်ကိုဆွဲကာခေါင်းမော့စေပြီး
"ငါ့ကိုလှည့်စားချင်တာလားငရဲမှာသွားသေလိုက်!!!"
ဆိုကာခေါင်းကိုသေနတ်ဖြင့်ပစ်ကာအဆုံးစီရင်ပေးလိုက်တော့သည်။အခြေနေအားအကဲခတ်နေစဥ်မြည်လာသောဖုန်းalarmအသံ။အင်း..သူကလေးငယ်နဲ့နေ့လည်စာပြန်စားရမယ့်အချိန်ပဲ။ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေအမြဲတစေကလေးငယ်နဲ့အတူနေ့လည်စာပြန်စားနေကြပဲ
"အကုန်ရှင်းပစ်လိုက်အလောင်းတွေတစ်ခုမကျန်မီးရှို့ပစ်လိုက်ကြားလား!!!"
အမိန့်အဆုံးသူ့တပည့်တွေဟာခေါင်းငုံ့အရိုသေပေးကာ
"ဟုတ်ကဲ့ပါသခင်ကြီး"
YOU ARE READING
Beauty and the Beast
Fanfictionဘယ်သူသိမလဲရက်စက်တဲ့ကောင်လေးရဲ့အိမ်နက်ကြီးထဲမှာဖွက်ထားတဲ့သူ့နေရောင်ခြည်လိုတောက်ပတဲ့အဝါရောင်လေးကို...... (Complete)