မုချန်နာကျင်မှုကိုခံစားရတာကြောင့်မျက်စိကိုဖွင့်လိုက်သည်။သူမှောင်မဲနေတဲ့အခန်းထဲမှာရှိနေတာကိုသိလိုက်ရသည်။ပြီးတော့သူကိုတစ်ယောက်ယောက်ကဖက်ထားလေသည်ထိုသူဟာသူကိုတင်းကျပ်စွာဖတ်ထားလေသည်။သူမျက်မှောက်ကြုပ်မိသည်သူလိုနှစ်ပေါင်းများစွာဘယ်မဆိုကြောက်ရတဲ့လူကိုဘယ်သူကထိရဲတာလဲ။ခံစားချက်ဆိုးရွားလာတာကြောင့်သူ့လက်ကိုပုပ်ထုတ်မဲ့အချိန်system[လူကြီးမင်းမလုပ်ဆောင်ဖို့အကြံပြုပါရစေ။လူကြီးမင်းOOCထိခိုက်သွားနိုင်ပါတယ်]။သူအနည်းငယ်ရပ်တန့်သွားပြီးလက်ကိုပြန်ချလိုက်တယ်။သူOOCကဘာလဲမသိမေဲ့သူအလိုလိုသိစိတ်ကပြောနေတာဆိုးရွားနိုင်တယ်လို့။System[လူကြီးမင်းနာလည်လို့ဝမ်းသာမိပါတယ်။အခုဇာတ်ကြောင်းကိုလွှဲပြောင်းပေးလိုက်ပါပြီ]မုချန်သူကြားလိုက်ရတဲ့အသံရပ်တန့်သွားတာနဲ့သူခေါင်းထဲမှာနာကျင်မှုတစ်ခှကိုခံစားလိုက််ရကာပုံရိပ်တွေနဲ့အတူမှတ်ညဏ်တွေခံစားလိုက်ရတယ်။ဒီနေရာကစာအုပ်တစ်ခုဖြစ်ပြီးလှပတဲ့ပုံပြင်တစ်ခုကိုရေးသားထားတဲ့နေရာတစ်ခုဖြစ်တယ်။ပုံပြင်ထဲမှာတော့ချမ်းသာတဲ့သူဌေးနဲ့အလုပ်ကိုကြိုးစားတဲ့သရုပ်ဆောင်ကောင်မလေးတစ်ယောက်အကြောင်းကိုရေးသားထာတာဖြစ်တယ်။ဇတ်လိုက်မင်းသားကလီရုန်ဖြစ်တယ်သူဟာအေးစက်ပြီးချောမောကာခန့်ညားတဲ့အမျိူးသားဖြစ်တဲ့အပြင်အမျိူးသမီးတိုင်းတမ်းတမ်းစွဲပျိူတိုင်းကြိုက်နှင်းဆိးခိုင်ဖြစ်တယ်။တစ်ဖက်မှာဇာတ်လိုက်မင်းသမီးကတော့သူမရဲ့အိမ်မက်ဖြစ်တဲ့သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားနေသူတစ်ဉီးဖြစ်တယ်။သူမလှပကာချောမောပြီးငယ်ရွယ်ကာဖျတ်လတ်တက်ကြွသူတစ်ဦးဖြစ်တယ်။
တစ်နေ့ သူမဟာဇတ်ကားတစ်ခုတွင်သရုပ်ဆောင်နေစဥ်ESFကုမဏီရဲ့အေကျင့်တစ်ယောက်စီကနေဇာတ်လမ်းတစ်ခုတွင်အမျိူးသမီးဇာတ်လိုက်အဖြစ်ကမ်းလှမ်းခြင်းကိုခံခဲ့ရပေသည်။သူမစိတ်လှုပ်ရှားစွာဖြင့်ထိုကမ်းလှမ်းချက်လက်ခံခဲ့သည်။ဒါပေမဲ့သူထိုကမ်းလှမ်းချက်ကိုလက်ခံပြီးတစ်ပတ်အကြာပြသာနာတစ်ခုဖြစ်လာခဲ့သည်။ထိုပြသာနာဟာဇာတ်လိုက်အမျိူးသားနေရာမှာသရုပ်ဆောင်မည့်မုထျန်းနန်ဟာသရုပ်ဆောင်ရမည့်နေရာကိုမျက်နှာနှင့်လုပ်စားသည်ဟူသည့်သတင်းများထွက်ပေါ်လာခဲ့ခြင်းသည်ပြသာနာအများအပြားကိုဖြစ်ပေါ်စေခဲ့သည်။
ထို့အပြင်သူမသည်ထိုပြသာနာအထဲသို့ဆွဲသွင်းခံရကာသူမတည်ဆောက်ထားသည့်နာမည်ဟာဖျက်ဆီးသွားခဲ့သည်။နောက်ဆုံးသူမဟာထိုပြသာနာများကြောင့်စိတ်ဓာတ်ကျရောဂါဖြစ်ကာကိုယ့်ကိုကိုယ်သတ်သေခဲ့သည်။ဒါဟာတကယ့်ကိုဝမ်းနည်းစရာအဆုံးသတ်ဖြစ်သည်။ဒါပေမဲ့ကံကြမာဟာသူမကိုဝမ်းနည်းစရာအဆုံးသတ်ခွင့်မပေးခဲ့ပေ။သူမဟာနောက်တစ်ကြိမ်ပြန်လည်မွေးဖွားလာခဲ့သည်။သူမပြန်လည်မွေးဖွားတဲ့အချိန်မှာထိုကမ်းလှမ်းမှုကထပ်မံသူ့ဆီရောက်ရှိလာခဲ့ပေသည်။ဒါပေမဲ့သူမဟာထိုကမ်းလှမ်းချက်ကိုမငြင်းပယ်လိုက်ချေ။ထို့အစားသူမဟာကိုယ်တိုင်မုတျန်းနန်ကိုဖော်ထုတ်ခဲ့ပေသည်။မုတျန်းနန်ဟာမျက်နှာနှင့်လုပ်စား၍ထိုနေရာကိုရလာကြောင်းကိုဖော်ထုတ်ခံရသည့်အတွက်သူဟာနာမည်ဖျက်ကာလူအများရဲ့ကဲ့ရဲ့ရူပ်ချခြင်းကိုအပြင်းအထန်ခံရခဲ့ပေသည်။ဒါပေမဲ့တစ်ချိန်တည်းမှာသူမဟာဒီအကြောင်းအရာကိုဖော်ထုတ်ခဲ့သည့်အတွက်သူမရဲ့နာမည်ဟာမြင့်တက်လာကာနောက်ဆုံးတွင်အောင်မြင်ခဲ့ပေသည်။နှစ်ပေါင်းများစွာကြာပြီးနောက်သူမဟာရုပ်ရှင်ဘုရင်မအဖြစ်ကျော်ကြားလာကာနောက်ဆုံးအမျိူးသားဇာက်လိုက်လီရုန်ရဲ့နှလုံးသားကိုအောင်နိုင်စွာရယူခဲ့ပြီးသူနဲ့ခမ်းနားကြီးကျယ်စွာလက်ထပ်၍အတူနေထိုင်သွားပြီးကလေးနှစ်ယောက်ကိုမွေးကာပျော်ရွှင်စွာနေထိုင်သွားလေတော့သည်။
YOU ARE READING
အဆုံးသတ် ပြောင်းလဲရန်
Fantasyတစ်နေ့မုချင်သည်လူယုံများထံမှသစွာဖောက်ခံရကာသေဆုံးခဲ့သည်။ဒါပေမဲ့သူဟာဂရုမစိုက်ပေ၊သူဟာလူဆိုးတစ်ယောက်ဖြစ်သည်။သူဟာယောက်ကျာ်း၊မိန်းမ၊ကလေး၊လူကြီးမရွှေးအကုန်လူလမ်းမှာလာရူပ်ရင်သတ်ပစ်လေ့ရှိသည်။ဒါကြောင့်သူဟာသူလည်းတစ်နေ့ပြန်ခံရမယ်ဆိုတာကိုသူဟာနားလည်သည်။ ဒါ...