မုချန်ဟာသူဖြစ်ခဲ့တာတွေကိုသူနားလည်သွားပြီးသူစိတ်ထဲမှာရှိတဲ့ဟာ"အဲတော့ငါဘာလုပ်ပေးရမှာလဲ"system[လူကြီးမင်းအနေနဲဒီလိုနားလည်လွယ်ကူတဲ့အတွက်ဝမ်းမြောက်မီပါတယ်။ယခုထမ်းဆောင်ရမဲ့မစ်ရှင်ကတော့မုထျန်းနန်းကိုရုပ်ရှင်လောကမှာအောင်မြင်အောင်လုပ်ပေးပြီးအကျော်ကြားဆုံးဖြစ်အောင်လုပ်ပေးရမှာပါ။မစ်ရှင်အောင်မြင်ပါကဆုလာလ်ရရှိမီဖြစ်ပြီးကျရှုံးပါကပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်]"[...လှုပ်ဆောင်ချက်များကိုလဲမူလကိုယ်ရဲ့OOCမှလွဲပြီးကန့်သက်ချက်မရှိပါ။]"။ထိုနောက်အသံဟာပျောက်ဆုံးသွားပြီးထိုအရာကလဲပျောက်ကွယ်သွားလေတယ်။မုချန်ဟာခဏအကြာအိပ်ရာမှထရပ်လိုက်ကာသူရဲ့ကိုယ်ဟာပြင်းထန်သောနာကျင်မှုကိုခံစားလိုက်ရပြီးသူနာလည်သွားတယ်။မူလကိုယ်ပိုင်ရှင်ဟာမနေ့ကဆေးခတ်ခံလိုက်ရတာဖြစ်တယ်။ဆေးခတ်တဲ့သူဟာလဲတစ်ခြားသူမဟုတ်ပေသူနှင့်စာချူပ်ချူပ်ထားသောကုမဏီရဲ့သူဌေးဖြစ်ပြီးမူလကိုယ်ပိုင်ရှင်ကိုစွဲလမ်းနေသူဖြစ်တယ်။သို့ပေမယ့်မူလကိုယ်ပိုင်ရှင်ရိုးဖြောင့်သူဖြစ်သောကြောင့်သူဟာဒီအခွင့်အရေးကိုအသုံးမချခဲ့ပေ။ဒါပေမဲ့သူကတော့မတူသူဟာမုချန်ဖြစ်တယ်သူဟာလိုချင်ရင်ဘယ်လိုညစ်ပတ်တဲ့ကိစွမဆို(ဘယ်သူကိုမဆိုအသုံးချနိုင်)လုပ်နိုင်သူဖြစ်တယ်။သူအတွေးနက်နေစဉ်နောက်ကနေသူထက်မြင့်မားပြီးရှည်လားသည့်အရပ်ရှိသည့်လူရဲ့ပွေ့ဖက်ခြင်းကိုခံလိုက်ရလေတယ်။ထိုနောက်ထိုသူဟာသူကိုတင်းကြပ်စွာဖက်ထားရင်း"မုချန်ကိုယ်တောင်းပန်ပါတယ်။ကိုယ်မရည်ရွယ်ခဲ့ပါဘူး။ကိုယ်ကိုခွင့်လွှတ်ပေးပါ။"။မုချန်"သူဌေးရီ...ကျွန်တော်ကယောက်ကျားလေးတစ်ယောက်ပါ။ပြီးတော့ဒီကိစွဖြစ်သွားလို့ကိုယ်ဝန်ရသွားမှာမှမဟုတ်တာ"။ပြောနေရင်းဖြင့်မုချန်ဟာသူကိုတင်းကြပ်စွာဖက်ထားသောလက်များရဲ့လက်ထဲကနေအနည်းငယ်ရုန်းကန်လိုက်ကာ"ဒါကြောင့်ကျွန်တော်ကိုလွှတ်ပေးရနိုင်မလား။"ထိုစဉ်ရီလင်းမျက်လုံးများဟာအနည်းငယ်မှောင်မိုက်သွားကာသူလက်များကိုမုချန်ရဲ့ကိုယ်ပေါာကနေချလိုက်ကာ"မင်းတကယ်အဆင်ပြေရဲ့လား"။မုချန်ဟာသူမျက်နာကိုလက်ဖြင့်ကာထားပြီးအနည်းငယ်လှောင်ပြုံးပြုံးလိုက်ကာ"ကျွန်တော်တကယ်အဆင်ပြေပါတယ်"။ထိုစဉ်ရီလင်းမျက်လုံးများဟာအနည်းငယ်အေးစက်သွားကာသူစကားထပ်ပြောမလို့ပြင်နေစဉ်မုချန်ရဲ့ကွယ်ထားသောမျက်နှာမှမျက်ရည်များဟာစီးကျလာခဲ့ကာငိုသံအနည်းငယ်ဟာတိ်ဆိတ်နေသောအခန်းတွင်းတွင်ထွက်ပေါာလာခဲ့လေတယ်။
ရိလင်းဟာမုချန်ရဲ့မျက်နှာမှမျက်ရည်များမြင်သောအခါချက်ချင်းမုချန်ရဲ့ပခုံးနှစ်ဖက်ကိုသူ့ဘက်ကိုဆွဲလှည့်လိုက်လေသည်။"မင်းအဆင်မပြေပါဘူး။မဟုတ်ရင်မင်းဘာလို့ဒီလိုမျက်ရည်ကြနေမှာလဲ။"မုချန်ဟာသူဟာသူရဲ့သူဌေးရဲ့လက်များကိုပခုံးပေါ်မှဖယ်ရှားကာထွက်ပြေးချင်ခဲ့သည်။ဒါပေမဲ့သူ့သူဌေးရဲ့သန်မာလွန်းတဲ့လက်များနေရုန်းမထွက်နိုင်ခဲ့ပေ။
"ရပါတယ်....သူဌေး။..ကျွန်တော်.... အဆင်ပြေပါ...တယ်။"
မုချန်ဟာမျက်ရည်ကိုသူ့မျက်နှာပေါ်ကသုတ်ကာသူ့သူဌေးရဲ့စူးရှရှအကြည့်များကိုရှောင်ရင်းပြောလိုက်လေတယ်။"မဟုတ်ဘူး။မင်းအဆင်ပြေရင်တောင်ငါကအဆင်မပြေဘူး။...မုချန်ကျေးဇူးပြုပြီးကိုယ်ကိုခွင့်လွှတ်ပေးပါ။....ပြီးတော့...ကိုယ်မင်းကိုတာဝန်ယူခွင့်ပေးပါ။"
"ဒါပေမဲ့...."
"မုချန်..ကိုယ်ကိုလက်ခံပေးပါ။မဟုတ်ရင်ကိုယ်ဒီအပြစ်ရှိစိတ်တွေကြောင့်....ကိုယ်..ခံစားနေရလိမ့်မယ်။"
ရီလင်းဟာမုချန်သူကိုရှောင်လွှဲနေတဲ့မျက်နှာကိုရှောင်လွှဲခွင့်မပေးဘဲသူလက်နှစ်ဖက်ဖြင့်ညင်သာစွာဆုတ်ကိုင်ရင်းသူဘက်ကိုလှည့်လိုက်စေတယ်။"ကောင်းပါပြီ....သူဌေး။ဒါပေမဲ့ကျွန်တော်ကိုကတိတစ်ခုပေးပါ။"
မုချန်

YOU ARE READING
အဆုံးသတ် ပြောင်းလဲရန်
Fantasyတစ်နေ့မုချင်သည်လူယုံများထံမှသစွာဖောက်ခံရကာသေဆုံးခဲ့သည်။ဒါပေမဲ့သူဟာဂရုမစိုက်ပေ၊သူဟာလူဆိုးတစ်ယောက်ဖြစ်သည်။သူဟာယောက်ကျာ်း၊မိန်းမ၊ကလေး၊လူကြီးမရွှေးအကုန်လူလမ်းမှာလာရူပ်ရင်သတ်ပစ်လေ့ရှိသည်။ဒါကြောင့်သူဟာသူလည်းတစ်နေ့ပြန်ခံရမယ်ဆိုတာကိုသူဟာနားလည်သည်။ ဒါ...