သေမင်းတမန်၏အချစ်တော် --------------------------------------------------
။
။
။
တိတ်ဆိတ်တဲ့ပတ်ဝန်းကျင် တစ်နည်းအားဖြင့် မှောင်မဲနေသောတိုက်ပျက်ကြီးတစ်လုံးက မြို့ပြင် တစ်နေရာတွင် ထိုတိုက်ပျက်အားတွေ့သည့်လူတိုင်း ကြောက်ဒူးတုန်လောက်သည့်အနေအထားဖြင့်၊ ထိုတိုက်ပျက်ကြီးအား ကြည့်လိုက်သည်နှင့် ကြက်သီးတဖြန်းဖြန်းထလောက်သည်။
စုတ်ပျက်သယောင်နှင့် မကျိုးမပြတ်ဆဲ တည်ရှိနေသော ခြံတံခါးမှာ ရေညှိတို့အလိမ်းလိမ်းတက်နေသော်လည်း ထိပ်ဖျားမှာ ချွန်မြနေလျက်၊
လျှပ်စီးတို့တစ်ချက်မျှလျှပ်လိုက်လျှင် ထိုခြံတံခါး၏ ထိပ်မှာ တဝင်းဝင်းဖြင့် အသည်းယားစဖွယ်။တဖန် ထိုအိမ်ထဲမှ တဝုန်းဝုန်းအသံများနှင့် လင်းစွဲများ၏ တွန်မြည်သံတို့အပါအဝင် ညငှက်ဖြစ်သည့် ကျီးကန်း၊ဇီးကွက်တွန်သံများအား ရန်ဖန်ရန်ခါကြားနေရပြန်သည်။
သာမန်လူသားတို့ အနားပင်မကပ်နိုင်သည့်တိုက်အိုပျက်ကြီးဆီသို့ ဦးတည်ကာ လာနေသည့်တစ်စုံတစ်ယောက်။
အနက်ရောင်ဝတ်ရုံအား ခြုံထားကာ တုတ်တစ်ချောင်းအား တောင်ဝှေးသဖွယ်အသုံးပြုကာ ထိုတိုက်ပျက်ကြီးဆီသို့ မကြောက်မလန့် လမ်းလျှောက်လာနေသည့်လူသား..၊
အင်း.. လူသားအသွင်ယူထားတဲ့ နတ်ဆိုး ဒါမှမဟုတ် တစ္ဆေတစ်ကောင်လဲဖြစ်နိုင်တယ်။
" ရွှီ.. ရွှီ.. ရွှီ.. "
မြွေတွန်သံမှာ ရုတ်တရက်ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသော်လည်း ထိုအနက်ရောင်ဝတ်ရံခြုံလွှမ်းထားသည့်လူသားမှာ ရပ်တန့်မသွားဘဲ သွားမြဲသွားဆဲ။
ကျွှီ......"""""
ဒုန်း..!! ဝုန်း..!!
" ...... "
တိုက်ပျက်ကြီး၏ တံခါးပွင့်သည်ဆိုသည်နှင့် အတွင်းမှ ဘာဘာညာညာမမြင်ရလေဘဲ တစ်ဝုန်းဝုန်း၊ တစ်ဒုန်းဒုန်းအသံများမှာ အဆက်မပြက်ကြားနေရလေသည်။
YOU ARE READING
Reaper X's Paradise [ Os ]
FanfictionZSWW Smut Os ...!!!!! တချို့တချို့တွေ/ ကလေးတွေ မဖတ်ပါနဲ့... ရှောင်သွားပါ ။ ..။ ©️®️ Cover photo- #18-04-24 #K