intro

260 8 3
                                    

{နှိင်ငံတကာအနှံ့အမည်မသိသန္ဓေပြောင်းသတ္တဝါများစတင်ပျံနှံ ပျက်ကွက်စတင်ခဲ့ပြီ ၃လအကြာ ထိုင်းနိုင်ငံမြို့တွင်းတစ်နေရာ }

အသည်းအသန်ရန်မူနေတဲ့လူတစ်ရပ်စာ
ရေဘဝဲကြီးကိုခုခံရတာဟာမလွယ်ကူဘူး Gunလိုလူကောင်သေးတဲ့လူအတွက်ကပိုခက်ခဲတယ် အိမ်မှာအလှချိတ်ထားတဲ့ဆာမူရိုင်းဓားရှည်က သိပ်မထက်လှပေ...

ဒိုင်း!
သေနတ်သံတစ်ချက်ကြားလိုက်ရတဲ့အခါGunခပ်ဖျော့ဖျော့ပြုံးမိသည်နှင့်အတူ ပစ်စတိုတစ်လက်နဲ့အတူNewရပ်နေသည်...

" Gun Atthaphan! မင်းကိုလျှောက်မသွားဖို့ပြောတာငါအားယားနေလို့ထင်နေလား "

Newwieeရဲ့ဆူပူသံနဲ့အတူ Gunရဲ့နှုတ်ခမ်းကခပ်စူစူဖြစ်သွားသည်

" ပြန်မယ် ! "

သူတို့အတူအိမ်ကိုပြန်လာခဲ့တယ် ကြိမ်းသေတာပေါ့ သူတို့အိမ်ပြန်လမ်းတစ်လျှောက်ပျက်စီးခြင်းတွေကလွဲရင်အခြားအရာမရှိဘူး...

အိမ်ပြန်ရောက်လာတော့ ပစ္စည်းတွေထုတ်ပိုးရင်အလုပ်ရှုတ်နေတဲ့Shine
ကိုတွေ့တယ်
Shineနဲ့သူတို့တွေ့ဆုံမှုကလပိုင်းမျှသာရှိသေးသည် ပျက်ကပ်ဖြစ်ပြီရက်ပိုင်းအကြာမှာဒဏ်ရာတွေနဲ့Shineဆိုသူကို သူတို့တွေ့ခဲ့သည်... ပေါက်ပြဲ ပြတ်ရှနေတဲ့ဒဏ်ရာတွေကို သူတို့တက်သလောက်ကုသပေးဖို့ဆုံးဖြတ်ကာအိမ်ပဲခေါ်လာခဲ့တယ်
တိုက်ဆိုင်တာက ထိုလူကိုယ်တိုင်ကဆရာဝန်တစ်ယောက်ဖြစ်နေသည်
သူ့ရဲ့လမ်းညွှန်မှုနဲ့ပဲ သူကိုယ်တိုင်ကိုကုသပေးခဲ့သည်...

မှတ်မှတ်ရရပင် ဒီမြို့နယ်က လွှတ်မြောက်နယ်မြေသွားရန်နောက်ဆုံးရဟက်ယဥ်ထွက်ခွာချိန်Shineနဲ့Gunကရှိနေပြီ Newကအခြားနေရာရောက်နေသည်...
Gunက Newပြန်လာသည်ကိုစောင့်ရန်ပြောပင်မဲ့ ဒုက္ခသည်တွေက ဒီနယ်မြေကလွှတ်မြောက်ရန်လူတစ်ယောက်ကိုမစောင့်ချင်တာမို့အော်ဟစ်နေကြသည်...

ထိုအခါGunဒေါသထွက်ကာယဥ်ပေါ်မလိုက်ပဲကျန်ခဲ့ရန်ပြောတဲ့အခါ ဘယ်သူမှမတားလာချေ...

သို့သော်ထိုလူ ထိုလူသည် Gunတို့နဲ့အတူနေထဲကစကားနည်းလှချေသည်... မဟုတ် စကားကိုမပြောချေ...
ဒါပေမဲ့Gunကျန်ခဲ့တာကိုမြင်တဲ့အခါ သူ့ရဲ့ဆေးသေတ္တာနဲ့လွယ်အိတ်ကိုယူပြီယဥ်ပေါ်ကGunနဲ့အတူဆင်းကျန်ခဲ့သည်...
GunကShineဆိုသူကို အတူလိုက်သွားရန်ပြောပေမဲ့ သူကဘာမှမပြောခေါင်းသာခါသည်...

Twelve Zero(12 0)Where stories live. Discover now