ဒီနေ့က ဦးနဲ့ကျွန်တော့်ရဲ့ အိမ်ထောင်သက်တမ်း
2 နှစ်ပြည့်တဲ့နေ့လေး။ ဘာလို့ ဦးလို့ခေါ်တာဆိုတော့ ကျွန်တော့်ထက်အသက်အများကြီး ကြီးလို့မဟုတ်ဘူးနော်။ သိက္ခာဦးဆိုတဲ့ လူကြီးကို ချစ်သူဘဝကတည်းက ဦးလို့ပဲအဖျားဆွတ်ခေါ်တော့ နှုတ်ကျိုးနေလို့ရယ်။ သူ့ဘာသာဆိုရင်လူရိုးလူအေးကြီးပေမယ့် ကျွန်တော်နဲ့ဆိုရင်တော့ သေအောင်ထန်တဲ့ ဦးပေါ့ဗျ။ ထန်ချက်က ကမ်းကုန် နွားသိုးကြိုးပျက်ဆိုတဲ့စကားပုံက ဦးကိုရည်ညွှန်းထားလေသလားပဲ။ဟော ပြောရင်းဆိုရင်းနဲ့ ကျွန်တော်ရဲ့ဦးကို အိပ်ရာနှိုးဖို့အချိန်ရောက်လာပါပြီ။
"ဦးရေ ဦး ထတော့နော် အလုပ်သွားမယ့်အချိန်နီးနေပြီး ဦးရဲ့"
"မထချင်သေးဘူး မိန်း လာပါဦး ကိုယ့်မိန်းလေးကို morning kiss လေးပေးချင်လို့"
"တော်ပါ ထ မျက်နှာသစ်တော့ မနက်စာအဆင်သင့်ဖြစ်နေပြီး"
"ဟုတ်လား အဲ့ဒါဆို လာထား"
"ဟာ ဦး ဘာလုပ်တာလဲ လွှတ်နော် မိုးလင်းတာနဲ့ ဉီးနှောက်ထဲ အဲ့ဒါပဲရှိတာလား"
"မိန်းပဲပြောတယ်လေ မနက်စာအဆင်သင့်ဖြစ်နေပြီးဆို ကိုယ့်ရဲ့မနက်စာက မိန်းပဲလေ
ရှလွတ် အခုတောင်တကျွတ်ကျွတ်နဲ့ ဝါးစားပစ်ချင်နေပြီး လာထား"ကဲ ကြည့် ပြောလဲပြော အလုပ်နဲ့လဲသက်သေပြတတ်တဲ့ဉီးက လူကိုအတင်းဖက်ပြီး တရွတ်ရွတ်နဲ့နမ်းနေတာ မပြီးတော့ဘူး။
"တော် တန် တိတ် ဦး ထပြီးတော့ အလုပ်သွားဖို့မြန်မြန်ပြင်ဆင် ဒါပဲ"
လူကိုအမိန့်ပေးပြီး ကော့တော့ကော့တော့နဲ့ထွက်သွားတဲ့ မိန်းလေးရေ အခုတော့ပါဝါပြထားဦးပေါ့ညကြမှကုိယ်တွေ့မယ်။
"ဖြည်းဖြည်းစားပါဦးရယ် နင်နေပါ့မယ့်
အဲ့ဒါကြောင့် ခုဏက သူများနှိုးတဲ့အချိန်မထပဲ ပေါက်ကရတွေပဲတွေးနေတာကို အခုတော့လောနေရပြီး တကယ်ပါပဲ ဦးကလေ သူများစကားဆိုဘယ်တော့မှ နားမထောင်ဘူး ဟွန့်""ရွှေစိတ်တော်မညိုးပါနဲ့ မိန်းလေးရယ်
ဒီနေ့ဘာနေ့လဲ သိတယ်ဟုတ် အဆင်သင့်ပြင်ထားနော် ဟွင်း ဟွင်း"