Part-2

16 0 0
                                    

မနေ့ကလွှတ်ခနဲပါးစပ်မှထွက်သွားသောကျေးဇူးသည်လည်းမနည်းပေ
သူ၏ကိုကိုမှ ရ..ရပါတယ် ဆိုသောလက်ခံမှုကိုရရှိခဲ့သည်လေ
seungmin တစ်ယောက်ကတော့မျက်လုံးပြူးနေဆဲဆိုပေမဲ့
သူ့မျက်လုံးတွေပိတ်သွားအောင်
မင်းစားချင်တာအကုန်မှာဆိုပြီးအမ်းပေးခဲ့တယ်

မတော်ရသေးတဲ့ယောက်ဖလေးဆိုတော့လည်း
အလိုလိုက်ရတာပေါ့

ဒီနေ့လည်းချစ်ရပါသောကိုကို့ထံသို့သွားရောက်နိုင်ရန်ဖို့အရေးဒို့အရေးလုပ်ရဦးမည်မို့
မိမိသူငယ်ချင်းလေးအားအပူသွားကပ်ရပေမည်
ထိုအခါသူငယ်ချင်းလေးမှ
တော်သေးပြီဒေါ်သေးကြည်မလုပ်ရန်
မုန့်များဝယ်သွားရန်မေ့၍မဖြစ်သေးပေ

''မေမေရေ..အိုမားရေ..မားမားရေ..မားသား''

''ဟဲ့ငါထုလိုက်ရသေမလိုအော်နေတာပဲ
ဘာဖြစ်ရပြန်တာတုန်း''

''ဟာ..အမေကမှပြန်မထူးဘဲနဲ့''

''နင်ကငါ့ကိုပြန်ထူးချိန်တောင်မပေးဘူးဟဲ့
အမယ်လေးနော်ငါနှယ့်သားလေးတစ်ယောက်
ရှိပါတယ်အေးအေးဆေးဆေး
နေရတယ်ကိုမရှိဘူး''

''ဟဲဟဲ..မေမေကလည်းအလျင်လိုနေလို့ပါ
seungmin တို့အိမ်သွားအုန်မယ်လို့
အဲ့ဒါပြောမလို့''

''သွားပါလားဟယ်
အရင်ကဆိုငါ့တောင်မပြောပဲသွားပြီး''

''သူငယ်ချင်းအိမ်သွားမှာလေ
မုန့်ဖိုးလေးဘာလေးမပေးချင်ဘူးလား''

''ယူသွားဟေ့ယူသွား
ငါကရှာနင်ကဖြုန်းဟုတ်နေပြီပဲ''

''ဟီးးမေမေကလည်းချစ်တယ်မွ
သားမက်လှလှလေးခေါ်ခဲ့မယ်လေ''

ထိုစကားပြောပြီးနောက်lee felixတစ်ယောက်
မုန့်ဖိုးယူကာပြေးလေတော့တယ်
ပြောချင်တာတွေပြောပြီးမှမေမေ့လက်သံကိုလည်း
ကြောက်ရသေးတယ်မို့
အမေကခေတ်ရေစီးကြောင်းအလိုက်နေတယ်ဆိုပေမဲ့
တကယ်တန်းသူ့သားလေးက
စက်ဝိုင်းလေးလို့ကွေးနေတာကိုသိရင်
အမေကဘယ်လိုတုန့်ပြန်မယ်ဆိုတာမသိသေးသည်မို့
နည်းနည်းတော့စိုးရိမ်မိတာအမှန်ပင်

''အ့..အမေ့''

ကောင်းလေပြီအတွေးရေယာဥ်မှာပက်လက်တွေရော
မှောက်ခုံတွေရောမျောနေတာ
ရှေ့ကဝင်တိုက်မိပြီ

I love KokoWhere stories live. Discover now