Part 6 (uni)

800 27 4
                                    

"ကိုရီး..."

ပြည့်စုံလည်းမရဲတရဲဖြင့်လွင်စိုးအားခေါ်လိုက်တော့

"တော်တော်အတတ်ကောင်းတွေတတ်နေတယ်ဟုတ်လား!"

"မ..မဟုတ်ပါဘူး"

"ထွန်းထွန်းအောင်!"

"ဗျ...ဗျာအကို"

"မင်းတို့နှစ်ယောက်မှာဘယ်သူအများဆုံးသောက်တာလဲ"

ထွန်းထွန်းအောင်တစ်ယောက်ဘယ်လိုပြောရမှန်းမသိတော့ပေကိုယ်တိုင်ကမသောက်ဖို့တားသူဖြစ်သော်လည်းရောက်သွားတုန်းကအများဆုံးသောက်သူကကိုယ်တိုင်ပဲဖြစ်သည်

"မေးနေတယ်လေ!"

"ကျွန်တော်ပါ.."

"ကျွန်တော်ပါ.."

ပြိုင်တူထွက်ပေါ်လာသောပြည့်စုံနှင့်ထွန်းထွန်းအောင်တို့၏အသံ

"အမှန်တိုင်းမဖြေရင်အသေပဲနော်!"

"ကျွန်..ကျွန်တော်ပါပြည့်စုံက၅ခွက်ပဲသောက်တာပါ"

"ကောင်းပြီ..ထွန်းအောင်အခန်းထဲသွားနှင့်ပြည့်စုံပြီးရင်မင်းဆီလာခဲ့မယ်"

"....."

"မကြားဘူးလား!!"

အော်လိုက်တော့မှကုပ်ကုပ်လေးအခန်းထဲသို့ဝင်သွားသည်

"ပြည့်စုံ"

"ဟုတ်"

"ကိုယ့်အမှားကိုယ်သိတယ်နော်"

"ဟုတ် သိ..သိပါတယ်ကိုရီး"

"ဟိုဘက်ကိုလှည့်ပြီးလက်ပိုက်ထား!မင်းကငါ့ညီမို့အမြဲကလေးလိုသတ်မှတ်ပြီးကလေးပီပီပဲဆိုးခွင့်ပေးတာအခုလိုဆိုးခွင့်မပေးဘူး"

"မှားမှန်းသိပါတယ် ကျွန်တော့်ကိုပဲရိုက်ပါထွန်း..ထွန်းအောင်ကိုတော့"

"အသံကိုတိတ်ထား!အပြစ်လုပ်ပြီးရင်ခံရမှာပဲ"

"အ..အတင်းခေါ်လို့သူကလိုက်..လိုက်တာ

ဖြန်း!

စကားတောင်မဆုံးသေးခင်ဘေးကကြက်မွှေးဖြင့်ရိုက်လာသောကြောင့်လူကအိီစိမ့်သွားတော့သည်

"တစ်ချက်ရိုက်ပြီးတိုင်းပါးစပ်ကနောက်တစ်ခါမသောက်တော့ပါဘူးလို့ပြော!"

ထာဝရ (လက်တွဲဖော်)Where stories live. Discover now