Episode - 11

342 66 45
                                    

- 🪽 -

“ဂျွန်ဂျောင်ဂု!!!”

“ရား. . . မင်း! လွှတ်စမ်း!”

အိမ်တံခါးဖွင့်ကာ ဆော့ဂျင်လက်ကို အတင်းဆွဲကာ အထဲဝင်သွားသော ‌ဂျောင်ဂုမျက်နှာထက်တွင် ဒေါသရိပ်မရှိ ။ ပြီတီတီမျက်နှာပေးနဲ့ ဖြစ်သည် ။

သို့သော် ဆော့ဂျင်ဘက်ကို ပြန့်လှည့်လိုက်သည့်အခါ မျက်နှာဟာ တည်သွားသည် ။

“ယာယာနဲ့ ပတ်သက်ပြီး မင်းဘာမှမပြောနဲ့”

“ငါက စေတနာထားပေးကြောင်း ပြောပြတာလေ!”

“ချီးပဲ! မင်းတကယ် မလွယ်တဲ့ကောင် ”

ဂျောင်ဂုအသံဟာ မာနေသော်လည်း ဒေါသကင်းမဲ့နေသည် ။ တကယ်တမ်း သူ့စိတ်ထဲကလိကလိ ဖြစ်နေပါသော်လည်း ဘယ်လိုမှဒေါသထွက်မရသေး။

“မင်းက ဂူထဲကခြင်္သေ့ကို မခံချင်အောင် စနောက်နေတဲ့ ကြောင်ပေါက်လေးနဲ့တူတယ် ကင်မ်ဆော့ဂျင်!”

“ဘာ. . ! ဂျွန်ဂျောင်ဂု မင်းအခု ငါ့ကို. .”

ဆော့ဂျင်အော်သံဟာ လေထဲတွင်ရပ်တန့်သွားသည် ။ အဘယ့်ကြောင့်ဆိုသော် ဆော့ဂျင် နားကြားထဲ ပန်း‌ဆီရောင် နှင်းဆီတစ်ပွင့်နေရာယူလာသောကြောင့် ။

စိမ်းပြာရောင် မျက်ဝန်းတွေဟာ ဝိုင်းစက်သွားပြီးနောက် နှုတ်ခမ်းတစ်စုံ အနည်းငယ်ဟသွားသည် ။

“အဟင်း. .လှတယ် အချစ်ရဲ့”

ပန်း ,ပန်ထားတဲ့ နား,နား တိုးကပ်ပြောသွားတဲ့ လေသံညင်းသွဲ့သွဲ့ဟာ ခဏလေးနဲ့ ဝေးကွာသွားသည် ။ တံခါးဖွင့်ရင်း ခူးခဲ့တဲ့ နှင်းဆီဟာ အစွမ်းထက်လှ၏ ။

ဂျွန်မျိုးနွယ်ဟာ အဲ့သည်လို ကင်မ်မျိုးနွယ်အား အနိုင်ယူပါသည် ။

Dominant alpha တစ်ယောက်ဟာ သူ့ခေါင်းပေါ် ပန်း လာပန်ပေးတာကိုမှ ဒေါသမထွက်ရင် ဘယ်ဟာက သူ့အတွက် ဒေါသဖြစ်စရာဖြစ်နေမလဲ ။

ဒေါသကြီးစွာ ထွက်လာတဲ့ ပန်းသီးစိမ်းရနံ့ဟာ အိပ်ခန်းတံခါးဆီ လှမ်းနေတဲ့ ဂျွန်မျိုးနွယ်ရဲ့ ခြေလှမ်းတွေကို ရပ်တန့်စေသည် ။

နောက်ဆုံးတော့ ကင်မ်မျိုးနွယ်ရဲ့ ဒေါသကို သူနှိုးဆွသွားနိုင်ခဲ့ပြီ ။ ခါတိုင်းဆို ခပ်သင်းသင်းနဲ့ ခေါင်းကြည်စေတဲ့ ပန်းသီးစိမ်းလေးဟာ အခုတော့ ဒေါသတကြီးနဲ့ ပြင်းထန်မူးဝေစေသည် ။

We're not ROMEO and JULIET Where stories live. Discover now