Secret Love Scenario

889 93 6
                                    

Secret Love Scenario

ငါးပေါင်မုန့်လေးကို လက်ထဲတွင် ကိုင်ထားရင်း
လှေကားထစ်တွေကို ဖြည်းဖြည်းချင်း တက်ခဲ့သည်။ ပတ်ဝန်းကျင်တွင် အရောင်နုနယ်သော ပန်းပွင့်ကလေးများ ပေါက်ရောက်လို့နေပြီး နွေဦး၏ အငွေ့အသက်ကိုလှပစွာ ဖော်ပြနေသည်။

အထက်တန်းကျောင်းကြီးသည် နည်းနည်းလေးမှ
မပြောင်းလဲသေးပေ။ အချိန်တွေ ကုန်ဆုံးသွားပြီး
တစ်နှစ်နှင့်တစ်နှစ် ကျောင်းသားတွေသာ ပြောင်းလဲသွားတာ ဖြစ်သည်။ အမှတ်တရတွေဟာ ရှိနေဆဲ။
ဘဝ တစ်သက်စာ အမှတ်တရတွေဟာ အထက်တန်းကျောင်းတွင် ရရှိခဲ့တာဖြစ်ပြီး တစ်သက်စာ ခွဲခွါခြင်းတို့ကိုလည်း မတောင်းပါပဲနှင့် ရရှိခဲ့ပြန်သည်။

ဂျယ်ယွန်းအတွက်တော့ အထက်တန်းကျောင်းတက်နေစဉ် ကာလကို အရောင်တစ်ရောင်ဖြင့် ဖော်ပြရမည်ဆိုလျှင် .. ကောင်းကင်ပြာရောင်သာ ဖြစ်ပါလိမ့်မည်။
ပြီးတော့ ဂျယ်ယွန်း၏ တစ်သက်စာအမှတ်တရထဲတွင် အဓိက ဇာတ်ဆောင် ပါဝင်ခဲ့သည်။

ထိုသူကို ဂျယ်ယွန်း အထက်တန်းကျောင်း ပြီးဆုံးသွားကတည်းက ပြန်မတွေ့ရတော့ပေမယ့် အချစ်ဦးဆိုသည့်အတိုင်း မေ့ပျောက်ဖြစ်ဖို့ ခက်လှပါဘိ့။

စီနီယာလို့လည်း ထည့်မခေါ် အစ်ကိုလို့လည်း
ထည့်မခေါ်ပဲ အမြဲတမ်း သူ့နာမည်ကိုသာ ခေါ်လေ့ရှိသည့်
ထို အဓိက ဇာတ်ဆောင်သည် သူ့နှလုံးသားထဲတွင်
သိမ်းဆည်းထားသေးသည့် အကြင်သူဖြစ်၏။

လှေထားထစ်တွေ အဆုံးတွင် မြင်နေရသော ကျောင်းဆောင်ကြီးကို ဂျယ်ယွန်း သွားခါနီး ညာဖက်ခြမ်းတွင် အလွန် ရင်းနှီးနေသော ပုံရိပ်ကြောင့် လက်ထဲရှိ ငါးပေါင်မုန့်ကိုပါ သတိမထားမိပဲ ပစ်ချခဲ့မိပြီး ဘောလုံးကွင်းရှိရာဖက်သို့ လျင်မြန်စွာ ပြေးလွှားသွားလိုက်တော့သည်။

နီရှီမူရာ ရီခီ ..

နာမည်တစ်ခုသည် ဂျယ်ယွန်း နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့ပြီး နှလုံးသားသည်လည်း ဦးနှောက်ကို ထိန်းချုပ်ခိုင်းပြီး မဖြစ်နိုင်မှန်း သိရက်နှင့် ဘောလုံးကွင်းတွင် ရှိနေလောက်မလားဟူသော မျှော်လင့်ချက်သေးသေးလေးဖြင့် အရူးတစ်ယောက်လို ပြေးလွှားသွားခဲ့၏။
ဘောလုံးကွင်းထဲတွင် ဘောလုံးပြိုင်ပွဲအတွက် လေ့ကျင့်နေသော ကျောင်းသားများ ရှိပြီး တစ်ဖက်ခြမ်းတွင် ပြေးလွှားနေကြသော ကျောင်းသူများ ရှိသည်။ ဒါပေမဲ့ ခုနက သူဖြတ်ခနဲ မြင်လိုက်သည့် လူ မရှိနေပါဘူး။

Secret Love Scenario < Yunki >Where stories live. Discover now