တစ်ပတ်တာ အေးအေးလူလူကုန်ဆုံးသွားပြန်တော့ ပိတ်ရက်ရောက်လာပြန်သည်။ဒီအပတ်ပိတ်ရက်ကတော့ ပပမောင်အတွက် ပျင်းစရာပင်။
ရည်းစားနဲ့ပြတ် အသည်းကကွဲ လုပ်စရာ assignment ကလည်းရှိနေတော့ ဟန်နီ့အိမ်မှာစာသွားလုပ်ဖို့ဆုံးဖြတ်လိုက်ကာ ဖုန်းခေါ်ကာ
''ဟန်နီ ငါနင့်အိမ်လာမလို့ နင်အိမ်မှာရှိတယ်မလား''
''အင်း ငါကဘယ်တုန်းကဘယ်သွားဖူးလို့လဲ''
ဟန်နီကလေသံဖျော့ဖျော့လေးနဲ့ပင်အရွဲ့တိုက်ကာပြန်ပြောတော့
''အိုကေ ခဏနေရောက်မယ်''
ဟန်နီ့အိမ်ရောက်တော့လည်း စာလုပ်မယ်ဆိုပြီးနှစ်ယောက်သား စကားပြောလိုက် မုန့်စားလိုက်နှင့် ၁နာရီလောက်အချိန်ဖြုန်းပြီးမှစာအုပ်ရှေ့မျက်နှာမူတော့သည်။
ညနေ ၄နာရီဝန်းကျင်လောက်တွင်စာလုပ်တာရပ်လိုက်ကြပြီး
''စာလည်းလုပ်ပြီးပြီဆိုတော့ ဘာလုပ်ကြမလဲ''
ပပမောင်က ထက်ကို ကို သတိမရချင်တာကြောင့်တစ်ခုခုအပေါ်အာရုံလွှဲထားဖို့အကြောင်းရှာသည်။
''အမ်.....လမ်းပတ်လျှောက်မလား''
''ပျင်းတယ်''
''Ding''
အချိန်ကိုက်ပင် ပပမောင်ရဲ့ instagram မှ noti ဝင်လာတော့ ဖုန်းကိုကောက်ကိုင်ကာ ကြည့်တော့မှ ဟိုတလောကမှသိတဲ့ မြတ်မင်းခန့်ဖြစ်နေလေတော့ ခဏကြောင်အမ်းအမ်းသွားသည်။
''ဟဲ့ ဟိုတစ်ယောက်လေ စာလာပို့တယ်''
''ဘယ်သူလဲ ဘယ်ကတစ်ယောက်လဲ''
ဟန်နီကဖုန်းသုံးရင်း စိတ်မဝင်စားသလိုပြန်ဖြေတော့ပပမောင်က ဟန်နီ့အင်္ကျီစကိုဆွဲပြီး
''သံစဥ်ချိုနဲ့အတူလာတဲ့တစ်ယောက်ရဲ့ သူငယ်ချင်းလေ''
''ဟမ်'' ဟန်နီကနားမလည်သလိုခေါင်းလေးမော့ကြည့်ပြီး ဘုန်းမင်းရှိန်ရဲ့သူငယ်ချင်းဆိုသူကို ဦးနှောက်ထဲတွင် recall ပြန်ခေါ်နေရသည်။
''သြော် ဟိုဦးလေးကြီးလား နင်တို့အဲ့နေ့က ig account exchange လုပ်လိုက်ကြတယ်ပေါ့လေ''
YOU ARE READING
Cigarette and Chocolate
Storie d'amoreအမှတ်မထင်ဆုံခဲ့မိသူတစ်ဦး။ အဲ့ဒီအကြည့်တွေနဲ့ ဒီလူကိုဆွဲငင်နိုင်ခဲ့တဲ့လူ၊ သူ့အနားနားရှိရင်စိတ်လုံခြုံမှုအပြည့်ရနေတဲ့ခံစားချက်မျိုး၊ ကျွန်မ သူ့အနားမှ တစ်ဖဝါးမှလျှင်မခွာချင်ပါ။ သူ့ကိုသိပ်ချစ်တာကြောင့်ဖြစ်သည်။