First Love

64 11 121
                                    

2017ခုနစ် 3လပိုင်း 4ရက်

*တီ တီ တီ တီ *

ဆိုးရွားလှတဲ့နာရီသံကြီးကြောင့်
သာယာတဲ့မနက်ခင်းလေးတစ်ခုမှာ
မသာမယာနဲ့ယောန်ဂျွန်းထလာခဲ့သည်။

" ဟာ ဒီအသံကြီးငါမုန်းလာပြီ "

ညည်းညည်းညူညူပြောရင်းနာရီကိုပိတ်လိုက်သည်။
ပြီးမှခြေဆန့်လက်ဆန့်လုပ်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။
မျက်နှာသစ်ပြီးတော့ သူ့ရဲ့တာဝန်ဖြစ်တဲ့မနက်စာပြင်တဲ့အလုပ်ကိုစလုပ်ရသည်။

" အငယ်လေးရေ ထတော့လေ ကောမနက်စာလုပ်ထားပြီ "

မီးဖိုချောင်ထဲကနေယောန်ဂျွန်းလှမ်းအော်လိုက်သည်။

" အငယ်ရေ ထတော့လို့ ပြီးရင်အိုမားဆီသွားရဦးမှာလေ "

" ထပြီကောရာ ထပြီလို့ အာပြဲကြီးနဲ့အော်နေတာ ဟွန့် "

အိပ်ခန်းထဲကနေပြန်ထွက်လာတဲ့ခပ်စွာစွာအသံလေးကြောင့်
ယောန်ဂျွန်းပြုံးလိုက်မိသည်။
ခနကြာတော့ ကော်ဖီရောင်ဂါဝန်ဒူးလောက်လေးနဲ့
ယောန်ဂျွန်းရဲ့တစ်ဦးတည်းသောညီမလေးကထွက်လာလေသည်။

" ဟော ကောရဲ့ညီမလေးကလှနေလိုက်တာကွာ "

" ဟီးဟီး တကယ်လား "

" တကယ်ပေါ့လို့ ကောကလိမ်စရာလား "

" ကောအကောင်းဆုံးဘဲ "

လက်မလေးထောင်ပြီးပြောလာတဲ့ညီမလေးက‌အိုမားပြီးရင်
ဒုတိယမြောက်အချစ်ရဆုံးဘဲ

" များများစားငယ်လေး ကောတို့ခနနေအိုမားဆီဝင်ပြီးရင်
ငယ်လေးကိုအဲ့မှာထားခဲ့မယ်နော် "

" ဟင် ကောကရော ဘယ်သွားမလို့လဲဒီနေ့ကစနေနေ့လေ  "

" ဒီနေ့ကျောင်းမှာလုပ်စရာလေးရှိလို့ဆိုပြီး ကောဆီဖုန်းဆက်လာလို့
အဲ့တာကောခနသွားရဦးမယ် "

" အော် အဲ့လို့ ရတယ်လေ ငယ်ကအိုမားနဲ့နေခဲ့မယ် "

" ဟုတ်ပြီဗျာ ပြီးတော့ ကောကျောင်းကနေ့လည်လောက်မှပြီးမှာ ပြီးတာနဲ့ကောကအချိန်ပိုင်းအလုပ်လဲဝင်ရဦးမှာဆိုတော့
နေ့လည်စာကိုဖုန်းကနေမှာပြီး ‌ငယ်လေးဆီကိုပို့ခိုင်းလိုက်မယ်နော် "

You've reached the end of published parts.

⏰ Last updated: Apr 22 ⏰

Add this story to your Library to get notified about new parts!

Can We Go Back To The Beginning ?Where stories live. Discover now