1-1

472 5 0
                                    

ငါဘာက စမှားခဲ့တာလဲ ။
ဘာကလဲ ဘယ်ကစခဲ့တာလဲ ဟုတ်တယ် ၊ အာ့သည့်နေ့ကပဲ အဲ့သည့်နေ့ကို ငါသေချာမှတ်မိနေတယ် ။

ဆူးခက်သွင် တစ်ယောက် ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်များဟာ မြန်ဆန်လွန်းတာကြောင့် အခန်းထဲက အိပ်ရာပေါ်တွင် စိတ်ငြစ်ငြစ်နဲ့လှဲရင်း အတိတ်ကို ပြန်တွေးနေမိတော့သည်။

"မောင်"
ဆူးခက်သွင် အလုပ်သွားမဲ့ သူမရဲ့ ယောကျ်ားကို အကျီပြင်ဆင်ပေးရင်း စကားလှမ်းပြောလိုက်သည်။

"ပြောလေ ခက်ရဲ့"
နေတေဇ လဲ ဆူးပြောမဲ့စကားကို မှန်ကြည့်ရင်း နက်ခတိုင်ချည်ကာ ပြန်တုန့်ပြန်လိုက်သည်။

"ဒီနေ့ဘာနေ့လဲ သိလား မောင်"

"မသိဘူးလေ ခက်ရ၊ ဒီနေ့ ကြာသပတေးကြီးမလား"
နေတေဇ ခက်တည်တည်နဲ့ ဆူးခက်သွင်ကို မှန်ထဲကပဲ ကြည့်ရင်း ပြန်ဖြေလိုက်သည်။

ဆူးခက်သွင်တစ်ယောက် နှုတ်ခမ်းကို ဆူကာ မှန်ထဲက သူ့ယောကျ်ားကို ကြည့်ပြီး မျက်စောင်းထိုးလိုက်တော့သည်။

"မောင် ဒါလေးတောင် မှတ်မထားဘူး ။ ဒီနေ့ ခက်တို့ အိမ်ထောင်သက် ၅ နှစ်ပြည့်လေ။ မောင်မေ့နေတာမလား"
ဆူးခက်သွင် မျက်စောင်းထိုးပြီး အိပ်ရာပေါ်ထိုင်ချလိုက်ကာ မှန်ထဲက သူ့ယောကျ်ားကို လက်ပိုက်ကြည့်လိုက်သည်။

"ဟားဟား မောင်မေ့မလား ခက်ရ။ မောင်က ခက်ကို တမင်စတာပါကွာ နော် ။ညနေ ခက်ကြိုက်တဲ့ ဆိုင်မှာတောင် ဘိုကင်တင်ထားပြီးပါပြီတဲ့ဗျာ"

နေတေဇလဲ သူ့ဇနီးချောလေး ကိုလှည့်ကာ မေးစေ့လေးကိုင်ပြီး ပြန်ချော့လိုက်သည်။ အာ့ကျမှ ဆရာမကြီးက မျက်နှာလေးပြန်ပြုံးပြီး

"တကယ်လား။ ရုံးရောက်မှ မတင်နဲ့နော် booking ကို"

လက်ညိုးထိုးပြီး ချွဲကာ ပြန်ပြောလိုက်သည်။

နေတေဇလဲ ခက်ရဲ့ မေးစေ့လေးကို ကိုင်ပြီး ခက်ဘေးနားဝင်ထိုင်လိုက်ကာ

"ကဲဗျာ မယုံလဲ ဒီမှာကြည့် ခက်ကြိုက်တဲ့ Blue palm အီတလီစားသောက်ဆိုင် booking ကြည့်လိုက်ပါဗျာ"

That Day (အဲ့သည့်နေ့ )Where stories live. Discover now