2

184 3 0
                                    

" နှောင်းလူ နှောင်းလူ ဘယ်မှာလဲ နင် ထွက်ခဲ့"

ကားတံခါးကို ဆောင့်ပိတ်ကာ အိမ်ထဲကို ဒေါသတကြီးနဲ့ အော်ခေါ်ပြီး ဝင်လာတဲ့ ဆူးခက်သွင်ကြောင့် နှောင်းလူတစ်ယောက် အပေါ်ထပ်ကနေ ဆင်းလာခဲ့သည်။

" ညအချိန်မတော် တစ်ယာက်ထဲ ဘယ်သူများလဲလို့ ၊ ဒေါ်ဆူးခက်သွင်ပါလား"

တည်ငြိမ်သော အကြည့်နဲ့ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ လှေကားလက်ရန်းကို ကိုင်ပြီး တစ်လှမ်းချင်းဆင်းလာသော နှောင်းလူကို ဆူးခက်သွင်မြင်လိုက်ရသည်။

"ဒီမှာ နှောင်းလူ နင့်လုပ်ရက်တွေကို ရပ်တန်းကရပ်ပေးပါတော့။ ဆက်လုပ်မယ်ဆိုရင်တော့ ငါ့အဆိုးမဆိုနဲ့တော့နော် နှောင်းလူ"

အိမ်ပေါ်ထိ တတ်ခြိမ်းခြောက်ပြောဆိုနေတဲ့ ဆူးခက်သွင်ကို လှေကားလက်ရန်းမှာတင် မှီပြီး လက်ပိုက်ကြည့်ကာ ပြုံးရယ်လိုက်သည်။

"ဒေါ်ဆူးခက်သွင် အိမ်ထဲရောက်မဆိုက် ဘာတွေပြောနေတာလဲ ထိုင်ပါအုန်း"

ပြောရင်း ဆူးခက်သွင် ရပ်နေတဲ့ ဘေးက ဧည့်ခန်းဆိုဖာတွင် ဝင်ထိုင်ကာ ဆေးလိပ်မီးညှိလိုက်သည်။ဆူးခက်သွင်က နှောင်းလူဘက်ကို လှည့်ကာ

"ဒီမှာ နင်ဘယ်သူ့ကိုမကျေနပ်လို့ လုပ်နေတာလဲ ဆိုတာသိတယ် ။ ကိုနေ့ ကိုမကျေနပ်တာမလား။ မောင့်ကိုလွှတ်ပေးလိုက်ပါ။ ငါနင်ခိုင်းတာ လုပ်ပါ့မယ် ။ နင်လုပ်ချင်တာငါလုပ်ပေးမယ် ။တစ်ခုပဲ မောင့်ကို အရင်တိုင်း ပြန်ဖြစ်အောင်လုပ်ပေးပါ အခုဆို မောင်က စိတ်နဲ့လူနဲ့တောင် မကပ်တော့ဘူး"

ဆူးခက်သွင် နှောင်းလူကို ငိုပြီး ပြောနေလိုက်သည်။

"ဒီမှာ ဒေါ်ဆူးခက်သွင် ကျုပ်ဝေ့ဝိုက်ပြီးမပြောတတ်ဘူး။ဒဲ့ပဲပြောမယ် ။ ခင်ဗျားယောကျ်ားအခုလိုဖြစ်နေတာတွေ ကျုပ်ကြောင့်လဲ မဟုတ်ဘူး။ ခင်ဗျားယောကျ်ားဘာသာ စိတ်မထိန်းနိုင်လို့ ဖြစ်တဲ့ ကိစ္စ ။ နောက်ပြီး သူ့ကို ကြည့်ပြောလိုက်တာကလဲ ပါးပါးလေး။ ခင်ဗျားနဲ့ ကျုပ်နဲ့ အိပ်ခဲ့တဲ့ ကိစ္စပဲပြောပြလိုက်တာပါ ဟင်း ။ အာ့လောက်ဖြစ်ပျက်နေစရာမလိုပါဘူး"

You've reached the end of published parts.

⏰ Last updated: Jun 20 ⏰

Add this story to your Library to get notified about new parts!

That Day (အဲ့သည့်နေ့ )Where stories live. Discover now