မက်သရူး၏မိဘတွေက ဂွန်းနု၏ရုတ်တရက်ဆန်သော ရောက်ရှိလာမှူအပေါ် ငြိုငြင်သည့်ဟန်မရှိပဲ ဖက်လှဲတကင်းသာ ကြိုဆိုကြသည် ။ နှစ်ယောက်တူတူ Vancouver ရဲ့အထင်ကရ နေရာတွေ လည်ပတ်ပြီးမှ Korea ကို တူတူပြန်လာခဲ့ကြသည် ။
ဟျောင်းရဲ့မိဘတွေကတော့ တော်တော်ကြာမှ ပြန်တွေ့ရသည့် သားငယ်လေးနှင့်မခွဲချင်ဖြစ်နေပြီး " အိမ်နဲ့ဝေးနေတဲ့ကလေးမို့ မက်သရူးကို ဂရုစိုက်ပေးပါနော် " ဟုဆိုကာ ဂွန်းနုလက်ကို ဆုပ်ကိုင်ပြီး အားကိုးတကြီး ပြောလာသော မက်သရူးဟျောင်းရဲ့မေမေ့ကြောင့်
" စိတ်ချပါ အန်တီ ကျွန်တော်သေချာဂရုစိုက်မှာပါ "
ဟုပြန်ဖြေတော့" အန်တီက ဂွန်းနုနဲ့ဆို မက်သရူးကိုစိတ်ချပါတယ် သားကလေ ပြန်လာတဲ့တောက်လျှောက် နေ့တိုင်း ဂွန်းနုကသူ့ကို ဘယ်လောက်ဂရုစိုက်ကြောင်း သူ့အပေါ်ဘယ်လောက်ကောင်းကြောင်းအမြဲပြောပြတာ "
ဟျောင်းက သူ့မိဘတွေဆီ ဂွန်းနုအကြောင်းပြောပြထားကြောင်းပြောထားသော်လည်း အန်တီဆီမှ ကြားရသောအခါတွင်တော့ ဂွန်းနုရင်ထဲ ပို၍ ပီတိဖြစ်ရသည် ။ ရင်ခုန်ရလွန်းလို့ပင် သူ့အဖေကိုနှူတ်ဆက်နေသည့် ဟျောင်းကို ပြေးဖက်ကာ ပါးအိအိလေးတွေကို ချိုင့်ဝင်သွားသည်အထိ နမ်းပစ်ချင်လာမိတော့သည်။
Korea ပြန်ရောက်ပြီး သိပ်မကြာခင်မှာပင် သူတို့နှစ်ယောက် ကျောင်းနှင့်နီးသော တိုက်ခန်းတခုတွင် အတူပြောင်းနေဖြစ်ကြသည် ။ ဟျောင်းကကျောင်းပြီးမှ အတူပြောင်းနေမည်ဟု ပြောထားသော်လည်း ပြန်ရောက်တာနှင့် အခန်းရှာဖို့စပြောလာသူမှာလဲ ဟျောင်းပဲ ဖြစ်နေတော့သည် ။ ဟျောင်းပြောသည်ကတော့ "ခွဲလိုက်ရတဲ့နှစ်လအတွက် အလွမ်းသယ်ချင်လို့ " ဟူသော စကားတခွန်းနှင့်ပင် သူလွမ်းသလို ဟျောင်းကလဲ ထပ်တူလွမ်းနေကြောင်း ဖွင့်ဟပြောလိုက်သလိုပင် ။
တိုက်ခန်းလေးက ကျောင်းနှင့်လမ်းလျှောက်သွားလျှင် ၁၅မိနစ်ခန့်သာ ဝေးပြီး အခန်းနှစ်ခန်း အပြင် ဧည့်ခန်းနှင့် မီးဖိုချောင် ပါဝင်သည့် ရိုးရိုးရှင်းရှင်းအခန်းလေးပင် ။ ဟျောင်းက ထိုအခန်းလေးမြင်သည်နှင့်အရမ်းသဘောကျနေကာ ဘယ်နေရာမှာ ဘယ်ပစ္စည်းလေးတွေထားမည် ဘယ်လိုအလှဆင်မည်ဟူသော အတွေးလေးပင်ပြောပြလာကာ ကလေးတယောက်လို ပြုံးရွှင်နေတော့သည်။
YOU ARE READING
In the name of Wisteria
Short Storyမြင်မြင်ချင်းအချစ်ဆိုပေမဲ့ ကျွန်တော့အချစ်တွေက Wisteria ပင်တွေလိုပဲ ခိုင်မြဲတယ် ။ Short story မို့ 5ပိုင်းလောက်ပဲရှိမှာပါနော် ❤