Always (Zawgyi)

127 2 0
                                    

Song - Always by Dreamcatcher

နံနက်ခင်းရဲ့ နေရောင်ခြည်နုနုက ပြတင်းတံခါးမှတဆင့် အခန်းထဲသို့ဖြာကျလာသည်။ နေရောင်ခြည်၏ ထိတွေ့မှုကိုခံရချိန်တွင် အခန်းထဲတွင်အိပ်နေသော ခပ်ချောချောလူ၏ မျက်မှောင်တို့စုကြုံ့လာပါတော့သည်။

*မနေ့ညက ဆောင်ဟွန်းလိုက်ကာကို မပိတ်ခဲ့မိဘူးလား။ ဒီတိုင်းဆို အစ်ကိုတော့ နိုးလာတော့မှာပါပဲ။

ဆောင်ဟွန်းမျက်လုံးတို့ကိုဖွင့်ကြည့်လိုက်သောအခါ အစ်ကိုက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးတာတွေ့ရသည်။ ဆောင်ဟွန်းလည်း ဖြည်းဖြည်းချင်းထ၍ လိုက်ကာကိုဆွဲပိတ်မိသည်။ အဲ့ဒီနောက်တွင် အစ်ကို့မျက်နှာချောချောကို တဝကြီး ငေးကြည့်နေမိပါသည်။

ခနအကြာတွင် အစ်ကိုကနိုးလာခဲ့သည်။ ဆောင်ဟွန်းက အစ်ကို့ကိုကြည့်နေခဲ့တာကြောင့် အကြည့်ချင်းစုံသွားခဲ့ချိန် ရင်ထဲတွင် အနည်းငယ်ဗြောင်းဆန်သွားခဲ့သော်လည်း အကြည့်တို့ကို မလွှဲခဲ့မိပါ။ အဲ့ဒီနောက် တိုင်ပင်ထားတာမျိုးမရှိဘဲ အတူတူပြုံးရယ်လိုက်မိကြသည်။

''Good morning ဟွန်းငယ်''

နိုးနိုးချင်း ဆောင်ဟွန်းကို နှုတ်ဆက်တဲ့အသံက ဆွဲဆောင်မှုရှိလွန်းသည်။ ဆောင်ဟွန်းကတော့ အစ်ကို့အသံကိုဆို ဘယ်အချိန်မှာပဲဖြစ်ဖြစ် သဘောကျမိရတာပါပဲ။ ဘယ်လိုပဲ အကဲပိုတယ်လို့ဆိုဆိုပါ။ ဆောင်ဟွန်းကတော့ နိုးနိုးချင်းမှာကြားလိုက်ရတဲ့ အစ်ကို့ရဲ့ အက်ရှရှအသံလေးကစလို့ ပုံမှန်စကားပြောချိန်ကြားရတတ်တဲ့ အသံချိုလေးကိုရော သီချင်းဆိုပြတဲ့အချိန်ကြားရတဲ့ အသံကိုပါ အများကြီးသဘောကျရပါသည်။

<Always>

အစ်ကို့ကို စတွေ့ခဲ့တဲ့အချိန်က ဆောင်ဟွန်းတက္ကသိုလ်ပထမနှစ်...
အဲ့ဒီနေ့က မိုးတွေအရမ်းရွာနေခဲ့သည်။
ဒီကိစ္စတွေအားလုံးရဲ့ အစဆိုရင်တော့ ဆောင်ဟွန်းရဲ့ လျှာရှည်မှုကြောင့်ပါပဲ။
ဆောင်ဟွန်းတို့အခန်းထဲမှာ presentation လုပ်ဖို့အတွက် ဆရာမက အဖွဲ့တွေခွဲပေးခဲ့သည်။ တခြားအဖွဲ့တွေက အဖွဲ့ခေါင်းဆောင်အသီးသီးရွေးပြီးချိန် ဆောင်ဟွန်းတို့အဖွဲ့က အကုန်ငြိမ်နေကြသည်။ အဲ့ဒါကြောင့် ဆရာမကမေးသည့်အချိန် ဆောင်ဟွန်းလည်းမနေနိုင်တော့ဘဲ ခေါင်းဆောင်လုပ်ဖို့ သဘောတူခဲ့ပြီး ၂ မိနစ်အကြာမှာတွင် နောင်တရခဲ့ပါတော့သည်။
ဆောင်ဟွန်းက မသိတဲ့သူတွေနဲ့ဆို စကားနည်းတဲ့သူဖြစ်တာကြောင့် အဖွဲ့သားတွေကို လူစုသည့်အချိန်က အခက်ခဲဆုံးဖြစ်ခဲ့သည်။ ဒါပေမယ့် ဆောင်ဟွန်းရဲ့ သူငယ်ချင်းတွေက ကူညီပေးကြလို့သာ တော်ပါတော့သည်။

Always - 널 위해  Where stories live. Discover now