<Unicode>
လူမျိုးစုံသွားလာလှုပ်ရှားနေသောနေရာမျိုးမှာကျောက်မြစ်ချသလိုမတ်တတ်ကြီးရပ်ကာဖုန်းအသည်းအသန်ကြည့်နေသောကောင်လေးတစ်ယောက်....ထိုကောင်လေးကဖုန်းထဲကဆော့နေလက်စgameကိုသာအသည်းအသန်ဆော့နေကာနှခမ်းဖူးဖူးလေးတို့ကလည်းမကျေးမနပ်ရေရွက်သံတွေကခပ်ကြိတ်ကြိတ်ထွက်ပေါ်နေလေသည်။
gameထဲေရာက်ေနတဲ့အာရုံတွေကိုဆွဲခေါ်သွားသည့်အရာမှာဝင်ရောက်လာသောဖုန်းအဝင်ကောလ်တစ်ခုကြောင့်ပင်
gameကဖုန်းအဝင်ကောလ်ကြောင့်အလိုအလျောက်ရပ်တန့်သွားရတာကြောင့်ထိုကောင်လေးရဲ့မျက်နှာလေးကအလိုမကျမှုတို့ပြည့်နှက်သွားကာမျက်မှောင်ကြီးတွန့်ချိုးသွားကာဖုန်းကောလ်ကိုလက်ခံလိုက်ရသည်။*Hello... ဘာကိစ္စရှိလို့လဲ*
*အို....သားလေးကလည်းမားကကိစ္စရှိမှဖုန်းခေါ်ရမှာလားလို့သားလေးအခုလေဆိပ်မှာမဟုတ်လားခဏနေရင်မားတို့လာကြိုမယ်နော်မင်းပါးကပြင်ဆင်နေတာနောက်ကျနေလို့ကွယ်*
*မလိုဘူးကျုပ်မှာခြေထောက်ပါတယ်ကိုယ်ဘာသာသွားလာနိုင်တယ်ခင်ဗျားတို့လာကြိုစရာကိုမလိုတာခင်ဗျာကကျုပ်အမေလည်းမဟုတ်ဘူးကျုပ်မှာအမေဆိုလိုတစ်ယောက်ပဲရှိတာမိထွေးကမိထွေးလိုနေသူတော်ကောင်းယောင်ဆောင်မနေနဲ့*
*မင်း!!.*
*ဘာလည်း....ကျုပ်ပြောတာမှားနေလို့လား...အဟက်...ကျုပ်အရင်ကလိုခလေးမဟုတ်တော့ဘူးခြိမ်းခြောက်တိုင်းကြောက်နေမယ်မထင်နဲ့....ဒါပဲခင်ဗျာနဲ့စကားပြောရတာကျုပ်ရဲ့အဖိုးတန်အချိန်လေးတွေကုန်တယ်*
တီ....
ရိပေါ်ဖုန်းကိုချပစ်လိုက်ကာသက်ပြင်းရှည်တချက်ချလိုက်မိသည်။
ရိပေါ်ကိုအခုဖုန်းဆက်သည့်သူမှာရိပေါ်ရဲ့မိထွေးသာဖြစ်သည်။
မားကရိပေါ်အသက်၅နှစ်ကတည်းကဆုံးပါးသွားတာဖြစ်ပြီးမကိုချစ်မှဥကိုခင်တယ်ဆိုတဲ့စကားအတိုင်းပင်ပါးကသူ့ကိုချစ်ခင်မှုဂရုစိုက်မှုတွေကိုမွေးကတည်းကတစ်ခါမှပေးဖူးခဲ့ခြင်းမရှိပေမားနဲ့ပါးကစီးပွားရေးကြောင့်သာလက်ထပ်ခဲ့ခြင်းဖြစ်ပြီးမားဆုံးသွားတော့မားရဲ့ပိုင်ဆိုင်မှုတွေကိုလက်ဝါးကြီးအုပ်ကာစီးပွားရေးတွေချဲ့ထွင်းခဲ့ပြီးတိတ်တိတ်ပုန်းမိန်းမတွေနဲ့ရှုပ်သည်။