Part 1

204 28 3
                                    

"Wedding ဓာတ်ပုံထဲက ပြုံးရယ်နေတဲ့အမျိူး
သမီးဟာ တီချယ် မဟုတ်ပါဘူး။

လိမ်နေတာ . .အားလုံးက လိမ်နေတာ . .
မဟုတ်ဘူးမလား. .မဟူတ်ဘူးမလား. .

အား!!!!!!!!""ခွမ်း. "

ပန်းအိုးတစ်ချို့ကိုပေါက်ခွဲလိုက်တဲ့အသံတွေထွက်ပေါ် လာတယ်။ အိမ်မှာရှိတဲ့ အလုပ်သမားတွေ
အားလုံး ထွက်ချလာပြီး လီလီ့ကိုလာဆွဲ ကြတယ်။

" မမလေး လီလီ . .

သတိထားပါဦး. .

အဲ့လိုမလုပ်ပါနဲ့မမလေးရယ်
စိတ်ကိုထိန်းပါ

မမလေး"

ထမင်းချက်အဒေါ်ကြီး၏ အသံသည် ကျယ်
လောင်စူးရှစွာဖြင့် ။ လီလီ့၏ ခါးကိုလည်း
နောက်ကနေတင်းကျပ်စွာဆွဲဖက်ထားသေးသည်။

" မတရားဘူး ဒါလုံး ၀ မတရားဘူး . .

တီချယ်သိတယ် တီချယ့်ကို ဘယ်လောက်ချစ်သလည်းဆိုတာ . .လုပ်ရက်တယ် သူ လုပ်ရက်တယ်"

တစ်ဖြေးဖြေးမော ဟိုက်လာသည့် လီလီ ဟာ
နောက်ဆုံးမှာ မျက်လုံးများပိတ်ကျသွားပြီး ကြမ်း
ပြင်တွင်ခွေလဲကျသွားတော့သည်။

"မမလေး . .မမလေး!!!!!!လုပ်ကြပါဦး

လူနာတင်ကား ခေါ်. .အမြန်"

*******°°°********°°°°************

Flash back

" ကျောင်းသူတစ်ယောက်လုပ်နေပြီး စာမလုပ်
ချင်တော့ မင်း ဘာလုပ်မှာလည်း လီလီ"

ဆိုဖာပေါ်တွင် လှဲလျောင်း၍ ဂိမ်းကိုသာအာရုံစိုက်
ကာဆော့ကစားနေသည့် လီလီ့အား ဖခင်ဖြစ်သူမှ
ဆုံးမသြ၀ါဒ ချွေနေသံသည် မနက်ခင်းတိူင်း
မာနိုဘန်အိမ်တော်မှာကြားရသည့် တေးသံဖြစ်၏။

"ဒယ်ဒီရာ ဒယ်ဒီပွားတာနဲ့ ဒီမှာ ဂိမ်း ရူံးသွားပြီ
ကျစ်! "

"တော် စမ်း. .တစ်နေ့လာလည်း ဒီဂိမ်းပဲဆော့နေတာ
ဂိမ်းက မင်း ကိုထမင်းကျွေးလို့လား"

"ဂိမ်း ကမကျွေးပေမယ့် ချစ်ဒယ်ဒီက ကျွေးတယ်လေ ဟဲဟဲ "

" အေး မင်း ဒီနှစ်အထက်တန်း မအောင်ရင်
ထမင်းလဲ ငါမကျွေးတော့ဘူး အိမ်ပေါ်ကနေဆင်း"

You've reached the end of published parts.

⏰ Last updated: Apr 24 ⏰

Add this story to your Library to get notified about new parts!

Hello TeacherWhere stories live. Discover now