Uni
မနေ့ကပုဂံအနှံနီးပါးသွားလိုက်ရတော့သားဖြစ်သူမင်းဇေရာမှာအပူရှုပ်ပြီးနေမကောင်းဖြစ်နေသည်။
"မရဘူး မရဘူးကိုကို့ကိုခေါ်ပေးဆို ဟီးးးးး ဗြဲ..... ဗြဲ အီးးးးးးး"
ဒေါ်ခင်သက်ထားတ်ေယာက်သားနှိုင်းကိုသွားခေါ်ရမလို သားကိုချော့ရမလိုနဲ့ဗျာများနေသည်။
နောက်ဆုံးဒေါ်ခင်သက်ထားလည်းလက်လျှော့ကာ
"အင်း......မာမီသွားခေါ်ပေးမယ်နော် ဒီဆန်ပြုတ်လေးကုန်အောင်စား""အင်းးးးမာမီကလဘ်းသားမှဆန်ပြုတ်မကြိုက်တာကြီးကို"
သိတာပေါ့ဒီကလေးဆန်ပြုတ်မကြိုက်တာကိုအဲ့ကြောင့်သားနှိုင်းနဲ့ပြောလိုက်မှငြိမ်သွားတဲ့သားတော်မောင်ပါ။
"ပြီးရော ပြီးရော သားစားမယ် ကိုကို့ကိုသွားခေါ်ပေး"
"ဟုတ်ပီမာမီသွားခေါ်ပေးမယ်။"
ပြောပြီးသားငယ်ကိုစောင်သေချာခြုံပေးခဲ့ကာအမမြတ်ကေသီတို့ဆီထွက်လာခဲ့သည်။
"အမရေ အမ ""အေ.... ဝင်ခဲ့လေ ညမ"
"ဟုတ်ကဲ့"
ဒေါ်ခင်သက်ထားစေ့ပိတ်ထားတဲ့တံခါးကိုအသာတွန်းကာအိမ်ထဲဝင်လာခဲ့သည်။"အမရေ မနေ့ကလည်းသားဇေရာ အပူရှုပ်ပြီးဖျားနေတာအဲ့တာကိုသားနှိုင်းလေးကိုဇွတ်ခေါ်ခိုင်းနေတာအမရေ"
"ဟယ်ဟုတ်လားသက်သာလားကွယ်"
"ဟုတ်သက်သာပါတယ်အမရယ် ခုသားနှိုင်းလေးကိုခေါ်ခိုင်းလို့ပါအမရယ်သားငယ်က........"
"အမလေးပြောစရာမလိုပါဘူး ခေါ်သွားပါနော်"
ဒေါ်ခင်သက်ထားလည်းသားဖြစ်သူအတွက်ကြောင့်သာလာပြောရတာ တကယ်အားနာနေပြီ။
"သားနှိုင်းရေ လာခဲ့ပါအုံး"
"ဟုတ်မေမေသားလာပြီ"
"အန်တီလာလည်တာလားဟိုကလေးငယ်ရောမပါဘူးလား"
အင်းးးးသားနှိုင်းလည်းဟိုကလေးကိုခင်တွယ်မိတယ်ထင်ပါတယ်။တကယ်လို့သာသားဇေရာတို့ပြန်သွားရင်ဘယ်လိုလုပ်ရပါ့ ဒေါ်မြတ်ကေသီအတွေးတွေက်ုရပ်တန့်ကာ
YOU ARE READING
Love is sweet