Part 18
" မာမီ့ဆီကို ဘာလို့အလည်မသွားတာလဲ ဆော့ဂျင် မာမီက နင်ပြန်လာတောင်သူ့ကို လာမတွေ့လို့ဆိုပြီး စိတ်မကောင်းဖြစ်နေတာ "
" ပြန်လာကတည်းက မအားတာနဲ့ "
" အခုတောင် ငါကအတင်းခေါ်လို့ လိုက်လာရတာမလား "
ဟုတ်ပါသည်။မနက်စောစောစီးစီး ပြိုင်ကားအနက်ရောင်လေးဖြင့် ခြံရှေ့ထိလာခေါ်သည့် ဟန်နာကြောင့်သာ ဆော့ဂျင် အန်တီ့ဆီကို လာဖြစ်တော့တာပင်။နိုင်ငံခြားမှာ ကျောင်းတက်တုန်းက ဟန်နာ့မာမီက သူ့ကို သားအရင်းတစ်ယောက်လို ဂရုစိုက်ပေးခဲ့တာပင်။ဆော့ဂျင်တို့ ဘွဲ့မရခင်တစ်နှစ်လောက်ကမှ ကျန်းမာရေးအခြေအနေကြောင့် အမိမြေကို ပြန်သွားခဲ့တာဖြစ်သည်။
အဆင်ပြေသွားတာတစ်ခုက ဂျောင်ဂုအိမ်မှာမရှိတာပင်။မဟုတ်လျှင် ဟန်နာနဲ့ ဆော့ဂျင်ရဲ့ ရှုပ်ထွေးနေသည့် ပတ်သတ်မှုကြောင့် သူနဲ့ဂျောင်ဂု ရန်ဖြစ်နေရအုံးမည်။ဂျောင်ဂုက သူ့အမေ မင်္ဂလာကိစ္စနှင့်ပတ်သတ်၍ နိုင်ငံခြားကို ထွက်သွားတာ တစ်ပတ်တောင်ရှိနေပြီဖြစ်သည်။ညတိုင်း Video Call ပြောဖြစ်ပေမယ့် နှစ်ယောက်သားက ဖုန်းထဲကဆိုရင် ဘာပြောလို့ပြောရမှန်းမသိ။သူကတော့ ရှက်၍ပင်။ဂျောင်ဂုအကြည့်တွေကို သူအခုချိန်ထိ စေ့စေ့မကြည့်ရဲသေးပေ။သူနှင့်ဟန်နာရဲ့ အခုလို ဆက်ဆံရေးကိုသာ ဂျောင်ဂုသိသွားလျှင် မည်သို့တုန့်ပြန်မည်နည်း။သူကရော အခု ဂျွန်ဂျောင်ဂုကို သစ္စာဖောက်နေပါသည်ဟု ခေါင်းစဉ်တပ်၍ ရမည်လား။သေချာတာကတော့ သူ့ခံစားချက်တွေက မရေရာပါ။ဟန်နာ့အတွက် ခံစားချက်တွေ ကျန်နေသေးလားဆိုတာလဲ မသေချာသလို ဂျွန်ဂျောင်ဂုအပေါ်ရော ခံစားချက်တွေ တရိပ်ရိပ်ထပ်မံ တိုးနေသည်လားဆိုတာလည်း သူဝေခွဲ၍ မရပါ။
ယခုလို မပြတ်မသားဖြစ်နေသည့် စိတ်ခံစားချက်ဟာ အမှန်ပင်ဆိုးရွားလွန်းလှ၏။ဟန်နာတို့အိမ်ရောက်တော့ ဟန်နာ့မိဘနှစ်ပါးက သူ့ကို နွေးထွေးစွာကြိုဆိုပါ၏။ဟန်နာ့အဖေနှင့်တော့ ဆော့ဂျင် အခုမှတွေ့ဖူးတာဖြစ်၍ အနည်းငယ်တော့ ရှိန်၏။
"ဂျင်လေးရယ် ရောက်ကတည်းက အန်တီ့ဆီလာခဲ့ရမှာကိုကွယ်
ညီလေးတွေရော အဆင်ပြေပြေရှိကြရဲ့လား "
YOU ARE READING
Just Give Me Your Forever ✅ ♡ KookJin ♡
Fanfictionခင်ဗျားအနားကိုရောက်ဖို့ မောင်လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ မြတ်နိုးမှုတွေအပြည့်ပါပဲ။ အဲ့ဒီ့ခြေလှမ်းတွေဟာ ခင်ဗျားဆီက အမုန်းတွေရဖို့ အကြောင်းပြချက်တွေမှန်းသာ သိခဲ့ရင် မောင်ရပ်နေခဲ့မှာပေါ့။ ခပ်ဝေးဝေးကနေ အရိပ်တကြည့်ကြည့်ငေးဖို့ မောင်ရပ်နေခဲ့မှာပေါ့။ ...