💞 မောင့် သက်လျာ 💞 (gl) (2)
" တက်လေ သက်လျာ ..."
ကားတံခါးဖွင့်ပေးနေတဲ့အရှေ့ကမောင့်ကြောင့်
" ဟုတ်ပါပြီးမောင့်ရယ် "
ဘယ်လောက်ပဲမောင့်စိတ်ရှုပ်ရှုပ် သက်လျာရဲ့အပြုံးချိုချိုလေးတွေမြင်လိုက်ရတဲ့ အခိုက်အတန့်ဆိုမောင့်စိတ်တွေအလိုလိုကြည်လင်းလို့
" ကို့ဘယ်ဆိုင်မောင်းပေးရမလဲ ဧကရီ"
" ရပါတယ်ကိုပိုင် ဘယ်ဆိုင်ဖြစ်ဖြစ်ဧကရီတို့အဆင်ပြေပါတယ်ရှင့် "
"ကောင်းပါပြီးဗျာ "
ဆိုင်တစ်ဆိုင်ရောက်တော့ မောင့်အမျိုးသားဖြစ်မဲ့ထိုလူဟာ သက်လျာတို့ကိုတံခါးလာဖွင့်ပေးသဖြင့် သက်လျာမောင့်လက်ကိုတွဲခိုကာဆိုင်ထဲဝင်မိတယ် ။ ဒါဟာနောက်ဆုံးဖြစ်လိမ့်မယ်ထင်တယ် မောင့်လက်ကိုအခုလိုတွဲခိုခွင့်ရတာ နောက်ဆိုမောင့်သက်ဆိုင်သူ့ထိုလူက မောင့်အနားမှာ အမြဲရှိနေလိမ့်မည့် သက်လျာကတော့ မောင့်တို့ပျော်နေတာကိုငေးကြည့်နေရမဲ့လူပေါ့ မောင့်ပျော်ရင်သက်လျာပျော်တာပေါ့မောင့်ရယ် နှလုံးသားတော့ အနည်းငယ်နာနေမှာပေါ့မောင့်ရယ် ...
" ဘာသောက်မလဲ ဧကရီ ကိုမှာပေးမယ် "
" ရပါ့တယ်ကိုပိုင် သက်လျာမှာပေးပါ့လိမ့်မယ် "
" ဗျာ ..အာ့ဟုတ် "
" ကိုပိုင်အတွက်ပဲ မှာလိုက်ပါ "
စားပွဲထိုးလေး သောက်စရာလာချပေးပြီးနောက်
" သက်လျာ "
"ရှင့် ပြောလေမောင့် "
မျက်ခုံလေးပင့်ကာ မောင့်ကိုကြည့်လားတဲ့ သက်လျာရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် မောင့်ဟန်ဆောင်ပြုံးကာ
" ဒါ မောင့်ရဲ့သတိုးသားလောင်း ကိုသျှားထက်ပိုင်တဲ့ "
" ဟုတ်ကဲ့မောင့် သက်လျာမှတ်ထားပါ့မယ် "
" ကိုပိုင် ဒါသက်လျာရဲ့အချစ်ရဆုံးတစ်ဦးတည်းသော သူငယ်ချင်း ချစ်သက်လျာ တဲ့ "
" ဟုတ်ကဲ့ဗျ နောက်လဲကျွန်တော်ကို ဧကရီခင်သလို့ခင်နိုင်ပါ့တယ်ဗျ "
YOU ARE READING
မောင့်သက်လျာ
Разное*မောင့်အတွက် သက်လျာက လူသတ်နိုင်တယ်ဆိုရင် မောင့်ကသက်လျာအတွက် အလောင်းဖျောက်ပေးမယ်သူ့မျိုးပါ သက်လျာ... နန်းဧကရီမောင် * မြေဖြူကိုင်တဲ့ ကျွန်မလက်ကမောင့်အတွက်ဆိုရင် ဓါးပြောင်းကိုင်ပြီး လူသတ်ရဲတယ်မောင့် ... ချစ်သက်လျာ Just friend type လေးပါ