EP-0

291 16 3
                                    

ကင်မ်မင်ဂယူ!! ထတော့လေ ‌လေယာဉ်ချိန်လွတ်သွားလိမ့်မယ်

အိုမားး.. သားတကယ်မလိုက်ချင်ပါဘူးဆို
သားဒီမှာပဲ တက္ကသိုလ်တက်ချင်တာ

အထွန့်မတက်စမ်းနဲ့ ကင်မ်မင်ဂယူ ထတော့ အခု!

အိုမား ...

အေး ဆက်ပြောနေရင် ဖိနပ်စာမိမယ်နော် ကင်မ်မင်ဂယူ သွား ပြင်ဆင်တော့

အိုမားကလဲ တကယ်စိတ်‌ဓာတ်ပဲ
ဒါကတော့ မင်ဂယူစိတ်ထဲကပဲပြောလိုက်ရသည်
တကယ်ပြောလို့မဖြစ်ဘူးလေ တော်ကြာ ဘာစာမိမလဲမှမသိတာ မင်ဂယူ့ကို အိုမားက ပေကျင်း ပြောင်းခိုင်းနေချင်းဖြစ်သည် ရုတ်တရက်ကြီးဘာလို့လဲတော့မသိပေမဲ့ မင်ဂယူတကယ်မသွားချင်ပါ တရုတ်လေးတွေက တကယ် လုံး၀ ချစ်ဖို့မကောင်းဘူးလို့ SNS မှာတွေ့ပြီး လက်ခံထားတာမို့
တက္ကသိုလ်ကြရင်လဲ သူကရုပ်ချောနေတော့ သူငယ်ချင်းမရမှာဆိုးရသေးသည်လေ။

Time skip'

လေယာဉ်ပေါ်တွင်

အာ့

mingyu:မီယန်း

ရပါတယ်

Korean လို ပြောတက်မပြောတတ်‌လေးလာ‌ပြောတော့ မင်ဂယူကြည့်လိုက်မိသည်။ဒီ မျက်ရစ်မရှိတာတောင် လှပ‌နေဆဲမျက်ဆံနက်နက်နဲ့ မျက်၀န်းလှလှလေးတွေ
မင်ဂယူဆွဲထူးပေးလိုက်တဲ့အချိန်မှာ လက်ကို ပြန်ဆုတ်ကိုင်လာတဲ့ လက်ချောင်းသွယ်သွယ်လေးတွေ ဆံပင်ဂုတ်ထောက်လေးနဲ့ ဒီ ကောင်လေး အရမ်းလှတာပဲ လို့မင်ဂယူ ချက်ခြင်း ကောက်ချက်ချလိုက်သည်။

ပြောပြီးထွက်သွားတဲ့ အထိ ကျောပြင်လေးကို လိုက်ကြည့်မိနေဆဲ

မင်ဂယူ ခုံနံပတ် အတိုင်းသွားလိုက်တော့

ဘုရားရေ သူနဲ့ဘေးကပ်ရပ်ပဲ

သူ့ဘေးကို ၀င်ထိုင်လိုက်တော့ လူကိုတစ်ချက်စိုက်ကြည့်ပြီး ပြန်လည့်သွားသည်။

မင်ဂယူက extrovert ဖြစ်တာကြောင့် ထိုင်ပြီးတာနဲ့ တက်တက်ကြွကြွပဲစကားစပြောလိုက်တယ်။

ဘယ်ကလဲ နာမည် ကရော ??
ငါက ကင်မ်မင်ဂယူ

မင်ဂယူ့ကို ကြာကြာစိုက်ကြည့်ပြီးမှ ‌စကားပြောလာသည်။

ဆောမြောင်ဟို china က

China ကတဲ့လား SNS မှာပြောတော့ တရုတ်လေးတွေ ချစ်ဖို့မကောင်းဖူးဆိုတာ လိမ်တာပဲ
ဆောမြောင်ဟိုက ဒီလောက်လှပြီး စကားပြောတာကအစချစ်ဖို့ကောင်းနေတာကို မင်ဂယူတွေးလိုက်မိသည်က SNS က စကားတွေ ရှော့ယုံရမည်ဆိုသည်ပဲ

China ကဆိုတော့ china name ရှိမှာပေါ့နော်။

ရှုမင်ဟောက်

ကြည့်ပါ့လား မြောင်ဟိုရဲ့ နာမည်ကအစချစ်စရာလေးပါဆို

အသက်ရောဘယ်လောက်လဲ ဟင် မြောင်ဟိုက

မြောင်ဟို သူမေးသမျှဖြေပေးနေလိုက်သည် နားအေးတယ်လေ မဟုတ်ရင်လဲ လေယာဉ်ပေါ်ကဆင်းပြီးပြန်တွေ့ဖို့လည်းမသေချာတဲ့ဟာကို လေကုန်ခံပြီးဘာလို့မေးနေတယ်မသိ ကြည့်ရတာ introvert ပဲနေမည်

20

ငါနဲ့တူတူပဲရော် မြောင်ဟိုက မိသားစုစီပြန်တာလား ကျောင်းတက်ဖို့လား

နှစ်ခုလုံးပဲ

မင်ဂယူက ဆက်တိုက် မေးခွန်း 20လောက် interview၀င်ခွင့် မေးသလိုမေးနေတော့ မြောင်ဟိုလဲ interview ဖြေနေရသလိုပင် တခြားလူဆိုရင် ထအော်မိမှာမှန်ပေမဲ့ သူ့ကိုတော့ ဒီတိုင်းပဲ....
ငြိမ်နေပေးလိုက်သည် ‌ဒီတိုင်း စိတ်ထဲမှာရင်းနှီးချင်နေပေမဲ့ မပြောရဲတာမို့ ရင်းနှီးချင်ယုံပါပဲ..။

________________________
New လေးပါ up က အခုရက်ပိုင်းတော့မြန်မယ်ထင်ပါတယ် plot ကိုအဆုံးထိစဉ်းစားပြီးသားမို့ တအားမကြာလောက်ပါဘူး 💕




LOVE END WITH E MY LOVE END WITH MWhere stories live. Discover now